အခန်း(၃၈) ဝမ်းကွဲအစ်ကို ကျမ့်ယုကျဲ

1.6K 173 1
                                    

အခန်း(၃၈) ဝမ်းကွဲအစ်ကို ကျမ့်ယုကျဲ

သမီးဖြစ်သူ အကြောင်းကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီး၏ နှလုံးသား တုန်လှုပ်သွားရပြန်သည်။ သူမ သမီးက ချစ်ဖို့ကောင်းသည်။ ဉာဏ်လည်း ထက်မြက်သည်။ အလားအလာတွေလည်း အများကြီး ရှိပါသည်။

ဟဲယန် ရပ်တန့်သွားပြီး လေသံပျော့ပျော့ ပြန်ပြောင်းကာ ပြောလိုက်သည်။ "အများကြီး မစဉ်းစားပါနဲ့ရှင်။ ရှင်က ရှင့်သမီးအတွက် အကောင်းဆုံးကို လုပ်နေတာပဲလေ။ ရှင့်သမီးက လှရုံတင်မဟုတ်ဘူး အရမ်းလည်း ပါရမီရှိတယ်။ သူနဲ့ ရွယ်တူတွေကြားမှာ ထင်ပေါ်နေတဲ့ အခွင့်အရေး ရှိသင့်တယ်။ ငွေကြောင့် သူ အထက်တန်းကျောင်း ကောင်းကောင်း မတက်ရဘူးဆိုရင် တစ်ဘဝလုံး နောင်တ ရစရာ ဖြစ်သွားမယ်နော်။ အခု သူ့ကို ကြည့်လိုက်ပါဦး။ ပြိုင်ဘက်ကင်းတဲ့ အမှတ်တွေ ရနေရုံတင်မဟုတ်ဘူး။ ထူးချွန်တဲ့ လူတွေနဲ့ပါ သူငယ်ချင်းဖြစ်နေပြီ။ သူ့ရဲ့ အနာဂတ်က တောက်ပနေပါပြီ"

ဟဲယန်ရဲ့ စကားလုံးများက သက်လတ်ပိုင်း အမျိုးသမီးကို အောင်အောင်မြင်မြင် ဖြားယောင်းနိုင်ခဲ့လေသည်။

"နားလည်ပါပြီ။ ကျွန်မ သမီးအတွက် ဘာမဆို လုပ်ပါ့မယ်။ သခင် ကျမ့်နဲ့ သခင်မ ကျမ့်တို့ကိုတော့ ကျွန်မ နောက်ဘဝမှ ကျေးဇူး ပြန်ဆပ်တော့မယ်"

ထိုအဖြေကို ဟဲယန် ကျေနပ်သွား၏။ "ဒါဆို လောလောဆယ် ကျွန်မတို့ ဘာဆက်လုပ်မလဲ ပြောကြရအောင်။ ကျွန်မ အခု အဘိုးကျမ့်တို့ အိမ်မှာ ရှိနေတုန်းပဲ။ အဲ့ကောင်မလေးကို ထပ်သွားတွေ့လိုက်မယ်။ သူဘာတွေ ကြံစည်နေလဲ ကျွန်မ စုံစမ်းမယ်!"

စကားပြောပြီးနောက် ဟဲယန် ဖုန်းချလိုက်ပါသည်။

အစက ရုတ်တရက်ကြီး ကျမ့်ယိလင်ရဲ့ ပြုမူပုံတွေ ဘာကြောင့် ပြောင်းလဲသွားရသလဲဆိုတာကို သိချင်လို့ ဟဲယန် ဒေါ်လေးမိုကို ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်ချင်တော့ ဒေါ်လေးမိုက အသုံးမကျဘဲ သူမကိုယ်သူမ အားကိုးရတော့မည် ထင်သည်။

ညစာ စားပွဲဝိုင်းတွင် ကျမ့်ယိလင်လေး သူမရဲ့ ဝမ်းကွဲအစ်ကို ကျမ့်ယုကျဲကို ပထမဆုံး အကြိမ်အဖြစ် တွေ့လိုက်ရသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now