အခန်း(၆၈) 'ကိုကြီး'လို့ခေါ်ပါလား

1K 120 0
                                    

အခန်း(၆၈) 'ကိုကြီး'လို့ခေါ်ပါလား

အခန်းထဲတွင် ကျမ့်ယိလင်လေးက စာရေးစားပွဲပေါ် မှောက်နေပါသည်။ သူမ အိမ်စာလုပ်နေခဲ့ပုံပင်။

ကျမ့်ယိလင် ခေါင်းမော့ကြည့်လိုက်သောအခါ ကျမ့်ယွင်ချန်းနဲ့ အကြည့်ချင်း ဆုံသွားလေသည်။

တံခါးခေါက်သံကြားတော့ အိမ်စေက သူမအတွက် နွားနို့ပူပူ ယူလာပေးတာဟု ကျမ့်ယိလင် ထင်ခဲ့ပါသည်။

ထို့ကြောင့် ကျမ့်ယွင်ချန်းကို မြင်ရဖို့ မျှော်လင့်မထားပေ။

ကျမ့်ယိလင် သူမရဲ့ မျက်နှာထားကို ပြန်ထိန်းချုပ်လိုက်ပြီး သူမခုနကရေးနေသည့် အစီရင်ခံစာကို ကျောင်းသင်ခန်းစာတွေနဲ့ ဖုံးလိုက်ပါသည်။

ကျမ့်ယွင်ချန်းက ကျမ့်ယိလင်ဆီ လျှောက်လာပြီး ဆောင့်ကြောင့် ထိုင်လိုက်၏။ သူ့မျက်လုံးနဲ့ ကျမ့်ယိလင်လေးရဲ့ မျက်လုံးကို တစ်တန်းတည်း ထားလိုက်ပါသည်။

"ယိလင်"

ကျမ့်ယွင်ချန်း ခေါ်လိုက်သည်။

ကျမ့်ယိလင် လှည့်ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေထဲကို ကြည့်လိုက်ပါသည်။ သူနဲ့ ခပ်ခွာခွာနေဖို့အတွက် ကျမ့်ယိလင် အနည်းငယ် နောက်ဆုတ်လိုက်မိသည်။

ကျမ့်ယိလင် တခြားသူတွေနဲ့ အရမ်း အနေနီးတာမျိုးကို အသားမကျသေးပေ။ မိန်းကလေး မိသားစုဝင်တွေက ကိစ္စမရှိသော်လည်း ယောက်ျားလေးတွေနဲ့ အနီးကပ် နေဖို့က ခက်ခဲပါသည်။

သို့သော်လည်း ကျမ့်ယိလင်၏ အလိုလျောက် တုန့်ပြန်မှုကြောင့် ကျမ့်ယွင်ချန်း မျက်မှောင်ကြုတ်သွားရသည်။

သူ့ရှေ့က ညီမဖြစ်သူကို ကြည့်လိုက်၏။ သူမက အလွန်ငယ်ရွယ်သည်။ သို့သော် မျက်လုံးများက နီမြန်းနေ၏။ သူမ ခုတလော ကောင်းကောင်း အိပ်မပျော်တဲ့ပုံစံပင်။

ကျမ့်ယွင်ချန်း၏ အသံ ပျော့ပြောင်းသွားရသည်။

"မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးရဲ့ မွေးနေ့ကို သတိရပေးလို့ ကျေးဇူးတင်ပါတယ်"

မတော်တဆမှုဖြစ်ပြီးကတည်းက ကျမ့်ယိလင်နဲ့ စကားပြောသည့်အခါ သူ့မျက်နှာကို အမြဲတမ်း တည်တံ့ထားခဲ့သည်။ သူမကို အလုပ်က ဝန်ထမ်းတွေ ဆက်ဆံသလိုမျိုး ဆက်ဆံခဲ့ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now