အခန်း(၉၂) ထပ်မံ စုံစမ်းစစ်ဆေးခြင်း

1K 120 1
                                    

အခန်း(၉၂) ထပ်မံ စုံစမ်းစစ်ဆေးခြင်း

ဖုန်းချပြီးနောက် ကျမ့်ယွင်ချန်းတစ်ယောက် ကားထဲမှာ အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာ ထိုင်နေမိသည်။

ခဏလောက်ကြာမှ သူ့အဖေကို ဖုန်းဆက်ပြီး သတင်းကောင်းပြောလိုက်ပါသည်။

အော်ပရေးရှင်းကို အတည်မပြုရသေးသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ရှိလာပါပြီ။

ကျမ့်မိသားစုအတွက် ဘာမှမရှိတာထက် မျှော်လင့်ချက်လေးတစ်ခု ရှိနေတာ ပိုကောင်းပါသည်။

ထိုသတင်းကို ကြားသောအခါ ကျမ့်ရှုရှင်းလည်း အလွန်ပျော်ရွှင်သွားခဲ့ပါသည်။

"သူတို့နဲ့ ဟုံပိုင်ကျန်း မဆက်သွယ်နိုင်ဘူးဆိုရင် ကျမ့်အိမ်တော်ဟောင်းဆီ ငါသွားပြီး ငါ့အဖေကို သွားဆက်သွယ်ခိုင်းမယ်ကွာ"

မျိုးဆက်သစ်တွေနဲ့ယှဉ်ရင် အဘိုးကျမ့်က အဆက်အသွယ် ပိုများ၏။ သူတို့ မတွေ့နိုင်တဲ့ နည်းလမ်းကို အဘိုးကျမ့် ရှာတွေ့နိုင်လောက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် တဖက်လူ ခွဲစိတ်ကုသမှုကို လက်ခံဖို့က အရေးကြီးသည်။

"နားလည်ပါပြီ။ ကျွန်တော် လုပ်စရာ ကိစ္စ ရှိသေးလို့။ နောက်မှ ဆက်ပြောကြရအောင်"

သူသိထားတဲ့အကြောင်းတွေကို ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့အား ကျမ့်ယွင်ချန်း မပြောရသေးပါ။

သက်သေခိုင်ခိုင်လုံလုံရမှ ပြောဖို့ စီစဉ်ထားပါသည်။

စကားပြောပြီးနောက် သူဖုန်းချလိုက်သည်။ ကျမ့်ယွင်ချန်းတစ်ယောက် ဟဲယွင်ရှန်း အပန်းဖြေဟိုတယ်သို့ ဆက်မောင်းလာခဲ့သည်။

ရောက်သွားသောအခါ ဟိုတယ်၏ မန်နေဂျာကို ကျမ့်ယွင်ချန်း သွားတွေ့လိုက်၏။

"သခင်လေးယွင်ချန်း။ ခင်ဗျားရှာနေတာ ကွန်တော့်မှာ မရှိဘူး! ကျွန်တော်တို့ ဟိုတယ်က ခင်ဗျားကို မကူညီပေးချင်လို့ မဟုတ်ပါဘူး! ကျွန်တော်တို့ ကူညီပေးလို့ မရလို့ပါ!"

ဟိုတယ် မန်နေဂျာ စိတ်ရှုပ်လာသည်။

ဒီအခြေအနေတွေက ဘာတွေလဲ။ ဘာလို့ လူတွေက သူ့ကို လုံခြုံရေးဗီဒီယိုပဲ လာတောင်းနေကြတာလဲ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now