အခန်း(၆၁) သုတေသနအဖွဲ့အစည်း(၄)

1.1K 124 0
                                    

အခန်း(၆၁) သုတေသနအဖွဲ့အစည်း(၄)

သုတေသန အဖွဲ့အစည်းထဲတွင် ပရော်ဖက်ဆာရှုတစ်ယောက် နောက်ဆုံးတော့ 'ဒေါက်တာ F.S' ကို တွေ့လိုက်ရပါပြီ။ သူ့အကြောင်းကို စဉ်းစားနေခဲ့ရတာ လဝက်လောက်တောင် ရှိလေပြီ။

"ချန်းယွီ... မင်း... မင်းပြောချင်တာက... သူ... သူက ဒေါက်တာ F.S ပေါ့?" မယုံနိုင်စရာ ကောင်းလွန်းသဖြင့် ပရော်ဖက်ဆာရှု စကားတွေ ထစ်ကုန်ပါသည်။

ဒီနှစ်ထဲ ပရော်ဖက်ဆာရှု အသက် ၅၃ နှစ် ပြည့်ပြီဖြစ်သည်။ ဆံပင်တွေ မီးခိုးရောင် သမ်းလာပြီး ပါးလာပါပြီ။ ကံကောင်းစွာဖြင့် ဆံပင်ပါးသော်လည်း ထိပ်တော့ မပြောင်သေးပါ။

ချန်းယွီက တည်တည်တံ့တံ့ ခေါင်းငြိမ့်လိုက်ပါသည်။

"ဟုတ်တယ် သူပါပဲ"

ပရော်ဖက်ဆာရှု တုန်လှုပ်စွာဖြင့် နားထင်ကို ကိုင်လိုက်မိသည်။ "ဒါ... ဘယ်လို..."

ထိုအချိန်တွင် ပရော်ဖက်ဆာရှု သူဘယ်လို ခံစားနေရသလဲဆိုတာကို ထုတ်ဖော်ပြောဖို့ စကားလုံး ရှာမရတော့ပေ။

ချန်းယွီက ပရော်ဖက်ဆာကြီးရှုအတွက် ရေတစ်ခွက် အမြန်ငှဲ့ပေးလိုက်ပါသည်။ "ဆရာကြီး စိတ်အေးအေးထားပါ။ ကျွန်တော်လည်း ယုံနိုင်ဖို့ အချိန််ယူခဲ့ရတာ"

ပရော်ဖက်ဆာရှု ရေတစ်ငုံနှစ်ငုံလောက်သောက်ပြီးမှ အတွေးတွေကို ပြန်စုစည်းလိုက်ပါသည်။ ထို့နောက် ချန်းယွီကို လှည့်မေးလိုက်ပါသည်။ "မင်းသေချာရဲ့လား။ မင်းအမှားမလုပ်မိတာ သေချာရဲ့လား"

ချန်းယွီက ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြန်ဖြေလိုက်ပါသည်။ "ဟုတ်ကဲ့ ကျွန်တော်အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့ သုတေသန အဖွဲ့အစည်းဆီ လမ်းလျှောက်လာရင်း စကားပြောခဲ့ကြသေးတယ်။ အသက်အရွယ် မတူတာကလွဲပြီး ကျန်တာ အကုန်တူတူပဲ"

လူမှားတာလည်း မဟုတ်သလို၊ နားလည်မှုလွဲတာလည်း မဟုတ်ပါ။ ဒါ သူတို့တွေ့ချင်နေတဲ့ လူပဲ ဖြစ်ပါသည်။ အင်တာနက်ပေါ်မှာ သူတို့ ၂ ပတ်ကျော်ကျော်လောက် စာပို့ခဲ့ရသည့် ဒေါက်တာ F.S အစစ်ပင်။

ပရော်ဖက်ဆာရှု အသက်ရှင်နေတာ အခုလောက်ဆို ဆယ်စုနှစ်တစ်ဝက်လောက် ရှိပါပြီ။ ဘဝအကြောင်း အများကြီးကြုံတွေ့ဖူးသည့် လူတစ်ယောက်ဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now