အခန်း(၅၁) ပါတီပွဲ (၂)

1.3K 142 0
                                    

အခန်း(၅၁) ပါတီပွဲ (၂)

ကျီမင်က ပြုံးကာ ပြောလိုက်သည်။ "ချွေ့ယီကျန်း။ နင်မတရားဘူးနော်။ ဒီလောက် လှတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်နေတာကို ငါတို့နဲ့ မိတ်မဆက်ပေးဘူးပေါ့။ နောက်တစ်ခါ ငါတို့ကို နင်တကာခံရမယ်! ပြစ်ဒဏ်အနေနဲ့ အရက် ၃ ခွက်လည်း သောက်ရမယ်!"

ကျီမင်က ချွေ့ယီကျန်းကို စနောက်ဖို့ ချဉ်းကပ်လာခြင်းဖြစ်သည်။

"သွားစမ်းပါ! ငါစိတ်ကောင်းဝင်မနေဘူးနော်!" ချွေ့ယီကျန်း ပြန်ငေါက်လွှတ်လိုက်သည်။ သူမ အတော်လေး ဒေါသထွက်နေသည်။

"ဘာဖြစ်လို့လဲ ဘယ်သူနင့်ကို ဘာလုပ်လိုက်လို့လဲ။ ငါတို့ အစ်မကြီးချွေ့ကို ဘယ်သူ ရန်စရဲတာလဲ။ သူလောကကြီးထဲမှာ နေလို့ဝသွားပြီထင်တယ်"

"ကောင်မစုတ်လေး တစ်ကောင်!"

"ဟမ် တကယ်ကြီး တစ်ယောက်ယောက်က နင့်ကို တိုက်ခိုက်တာလား။ ဘာလို့ တစ်စစီ စုတ်ဖြဲမပစ်လိုက်တာလဲ"

"အဲ့အကြောင်း မပြောနဲ့တော့! အဲ့ကောင်မစုတ်က ငါ့ကို အကြပ်ကိုင်ထားတာကိုး!"

ကျမ့်ယိလင် ကိုင်ဆောင်ထားသည့် ခြိမ်းခြောက်မှုကို တွေးမိလေလေ ချွေ့ယီကျန်း ပိုပြီး ဒေါသထွက်လာလေလေ ဖြစ်သည်။

ထိုအဖြစ်အပျက်ကြောင့် သူမ တစ်လစာ မုန့်ဖိုးပါ ပျောက်ခဲ့ရသည်။

ဒီနေ့ ယွီအိမ်တော်ကို လာဖို့ကြောင့်သာ မဟုတ်လျှင် ဒီလအတွက် တစ်ပြားတစ်ချပ်မှ မုန့်ဖိုးရမှာ မဟုတ်ပေ။ သို့သော်လည်း သူမ အဖေက သူမကို ဆရာရှန်းနဲ့ စကားသွားပြောစေချင်သည်။ ထို့ကြောင့် ဒီလအတွက် သူမရဲ့ မုန့်ဖိုး တစ်ဝက်ကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

"တကယ်ကြီးလား။ တကယ်ကြီး နင့်ထက် တစ်ယောက်ယောက်က ခြေတစ်လှမ်း သာသွားတယ်ပေါ့" ကျီမင်က အတော်လေး အူမြူးနေသည့်ပုံပင်။

"ငါ့ကို လှောင်ဖို့ဆိုရင် လစ်လိုက်တော့နော်"

"မဟုတ်ပါဘူး မဟုတ်ပါဘူး။ အဲ့သဘော ပြောတာ မဟုတ်ပါဘူး။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးလာတာ အချိန် တော်တော်ကြာနေပြီပဲကို။ ငါက အဲ့လို လူမျိုးမို့လို့လား။ ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြစမ်း။ နင်မရှင်းနိုင်ရင် ငါရှင်းပေးမယ်"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now