အခန်း(၆၃) အမှတ်တွေသိပ်မကောင်းဘူး

1.2K 129 0
                                    

အခန်း(၆၃) အမှတ်တွေသိပ်မကောင်းဘူး

ပရော်ဖက်ဆာရှုနဲ့ ကျမ့်ယိလင် စကားပြောပြီးနောက် ကျမ့်ယိလင်လေးအား ကားမောင်းပြီး အိမ်ပြန်လိုက်ပို့ပေးဖို့ ချန်းယွီကို တာဝန်ပေးလိုက်ပါသည်။

"ချန်းယွီ မင်းသူ့ကို ဘေးကင်းကင်းနဲ့ အိမ်ပြန်ပို့ပေးလိုက်နော်! မဟုတ်ရင် မင်းပါ ပြန်မလာခဲ့နဲ့!"

"ဟုတ်ကဲ့ပါ ဆရာကြီးရဲ့။ ကျွန်တော် နားလည်ပါတယ်"

သူ့ဆရာကြီး ရတနာသစ်ကို ရှာတွေ့သွားသောအခါ ချန်းယွီရဲ့ ဖြစ်တည်မှုက မြက်တစ်ကွက်လောက်နီးနီး နိမ့်ကျသွားလေသည်။

"ယိလင်။ နင့်အိမ်လိပ်စာက ဘယ်မှာလဲ" ချန်းယွီ ကျမ့်ယီလင်ကို မေးလိုက်ပါသည်။

"ရှန်းဟွာ အထက်တန်းကျောင်းကိုပဲ သွားလိုက်ပါ" ကျမ့်ယိလင်လေး ပြန်ဖြေလိုက်၏။

သူမအဘွားကျောင်းလာမကြိုခင် ကျောင်းဆီ ပြန်သွားဖို့ အချိန်လုံလောက်ပါသည်။

ချန်းယွီလည်း သူမကို ထပ်ပြီး မမေးမြန်းတော့ပေ။ ကျမ့်ယိလင်လေးသာ ကျောင်းကို ပြန်ချင်သည်ဟုဆိုလျှင် ကျောင်းကိုပဲ ပို့ပေးပါမည်။

ချန်းယွီသူ့ကားကို သွားထုတ်လာ၏။ သူ့ကားပုံစံက အပြင်ပိုင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း အတွင်းပိုင်းကိုတော့ အမြင်ရှိရှိ ရွေးချယ်ထားသည်။

ထို့အပြင် ချန်းယွီ၏ ကားပြူတင်းမှန်တွေက ကျည်ကာမှန်တွေဖြစ်တာကို ကျမ့်ယိလင် သတိထားမိသည်။ လုံခြုံရေးအဆင့်က အတော်လေး မြင့်မားပါသည်။

ဟွေ့လင်ဆေးဝါးသုတေသနအဖွဲ့အစည်းမှာ အလုပ်လုပ်နေသူတိုင်းက သာမန်မဟုတ်ကြပေ။ ထိုနည်းတူစွာ ချန်းယွီလည်း ခြွင်းချက် မဟုတ်ပေ။

ချန်းယွီ ဂိတ်ကိုကျော်ပြီး မောင်းလာတော့ လုံခြုံရေးအစောင့်က အနေခက်သည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ ကျမ့်ယိလင်လေးကို သူမကြည့်ရဲပါ။

ကားမောင်းနေရင်း ကျမ့်ယိလင်လေးကို ချန်းယွီ မေးခွန်းတစ်ခုမေးလိုက်၏။

"စကားမစပ် နင့်ရဲ့ နာမည်အတိုကောက်က ဘာလို့ F.S ဖြစ်နေတာလဲ"

"-10" [ဖူရှိ = -10]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now