အခန်း(၁၆) ကျောင်းပြန်တက်ခြင်း

1.6K 194 0
                                    

အခန်း(၁၆) ကျောင်းပြန်တက်ခြင်း

ကျောင်း ၇ ရက်နားပြီးနောက် ကျမ့်ယိလင်လေး ကျောင်းပြန်တက်ခဲ့ပါသည်။

ဒီနေ့က တနင်္လာနေ့ဖြစ်သည်။

အခုထိ ရှန်းဟွာအထက်တန်းကျောင်း Forum  ပေါ်တွင် ရေပန်းအစားဆုံး ပို့စ်က ကျမ့်ယွင်နော်၏ ဒဏ်ရာအကြောင်း ပြောသည့် ပို့စ်ဖြစ်နေဆဲပင်။ တရားခံက ကျမ့်ယိလင်ဟု ပြောထားသည့် ပို့စ်လည်းဖြစ်သည်။

ကျမ့်ယိလင် ကျောင်းကို ၁ ပတ်လုံးလုံး မလာခဲ့သဖြင့် ကျမ့်ယိလင် ကျောင်းများ ထုတ်ံလိုက်ရပြီလားဟု အားလုံးထင်သွားကြပါသည်။

[ကျမ့်ယိလင် ၇ မြောက်နေ့လည်း ကျောင်းမလာဘူး။ ကြည့်ရတာ သူကျောင်းထုတ်ခံလိုက်ရတာ ဖြစ်ဖို့များတယ်]

[သူ့နေရာမှာ ငါသာဆို ကျောင်းလာပြီး မျက်နှာပြရဲမှာတောင် မဟုတ်ဘူး]

[ဟုတ်ပါ့။ ကိုယ့်အစ်ကိုအရင်းတစ်ယောက်ကို ဘာလို့ ဒီလိုတောင် လုပ်ရက်တာလဲ။ အဲ့လိုလူမျိုးက အသက်တောင် မရှင်သင့်ဘူး။ ကျမ့်ယွင်နော်လို ပါရမီရှိတဲ့လူက ဒီလို ဖြစ်သွားတာ နှမြောဖို့ကောင်းတယ်။ စာပေနဲ့ အနုပညာ ပွဲတော်မှာ သူစန္ဒရားထပ်တီးတာလေး ကြားချင်သေးတယ်]

[ကျမ့်မိသားစုရဲ့ ညီအစ်ကိုတွေ အားလုံးက ထူးချွန်ကြတယ်။ ကျမ့်ယိလင်တစ်ယောက်တည်း ဘယ်လို ပျိုးထောင်ပေးထားကြမှန်း မသိတာ]

[သူက ကျမ့်မိသားစုရဲ့ အရှက်ရစရာပဲ။ မိသားစုအတွက် ဆန်ပြုတ်အိုးတစ်အိုးလုံးကို ဖျက်မယ့် ကြွက်ချေးမ!]

ကျောင်းလာသည့် လမ်းတွင် ကျမ့်ယိလင်လေး ပေါင်ပေါ် လက်ပ်တော့တင်လျက် နောက်ခုံမှာ ထိုင်နေပါသည်။ Campus Forum ပေါ်က သတင်းများကို ခပ်မြန်မြန် ဆွဲဖတ်ကြည့်လိုက်သည်။

ထိုအချိန်တွင် ကွန်ပျူတာပေါ်၌ မက်ဆေ့သစ် တစ်စောင် ပေါ်လာခဲ့သည်။

[Dr.F.S, အပြင်မှာ တွေ့ဖို့ ဘယ်တော့လောက် အချိန်ရမလဲ။ ခင်ဗျား ဖော်ညွှန်းထားတဲ့ အကြောင်းအရာကို ကျွန်တော်တို့ အရမ်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်က ဆက်သွယ်နေရုံနဲ့တော့ ကျွန်တော်တို့ခင်ဗျားကို ယုံကြည်လို့ မရတာ ခင်ဗျားလည်း သိမှာပါ]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now