အခန်း(၁၀၄) ခြံဝန်းထဲက အသားကင်ပွဲတော် (၅)

660 75 0
                                    

ဖုန်းတဖက်မှ အဘိုးကြီးကလည်း ဆက်ပြောလေသည်။ "တဖက်လူရဲ့ သဘောထားက လုံးဝ ခိုင်မာတယ်။ ကျွန်တော်တို့ကို အကြောင်းပြန်တာ စောင့်ခိုင်းနေပြီး အဖြေကို ချက်ချင်းမပေးဘူး"

ထိုအဘိုးကြီး၏ အသံက နောင်တများဖြင့် ပြည့်နှက်နေပါသည်။

"နားလည်ပါပြီ။ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်ဗျာ"

"ကိစ္စမရှိပါဘူး။ အဘိုးကျမ့် အချင်းချင်းတွေ ဒီလောက် အားနာစရာ မလိုပါဘူး။ ခင်ဗျားကိုလည်း ကျွန်တော် ဘာမှ အကူအညီပေးနိုင်ခဲ့တာ မဟုတ်ဘဲနဲ့။ တဖက်လူနဲ့ ဆက်ပြီး ဆက်သွယ်နေတာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ်"

"နားလည်ပါပြီ"

အကြောင်းပြန်ပြီးနောက် အဘိုးကျမ့် ဖုန်းချလိုက်ပါသည်။

အဘိုးကျမ့်ရဲ့လေသံကို နားထောင်ခြင်းအားဖြင့် ဘာတွေဖြစ်ခဲ့သလဲ အားလုံး ခန့်မှန်းနိုင်ပါသည်။ အဆင်မပြေမှန်း သိကြ၏။

ကျမ့်ယွင်နော်လည်း ခေါင်းငိုက်ငိုက် စိုက်ကျသွားလေသည်။ သူအလွန် စိတ်ပျက်သွားမှန်း သိသာ၏။

ဒီအော်ပရေးရှင်းကို သူ့ထက် ပိုဂရုစိုက်တဲ့လူမရှိလောက်ပါ။

ဒီအော်ပရေးရှင်းကို သူအောင်မြင်စေချင်သည်။

သို့သော်လည်း နောက်တစ်ဖန် စိတ်ပျက်စရာ သတင်းကိုသာ ထပ်ကြားရပြန်သည်။

ကျမ့်ရှုရှင်းက သူ့သားကို နှစ်သိမ့်ဖို့ ကြိုးစား၏။ "ဘာမှမဖြစ်ပါဘူးကွာ။ ဒါသတင်းဆိုးမဟုတ်ပါဘူး။ အရင်ကလိုပဲလေ။ အဖေတို့ကို စောင့်ခိုင်းထားတာပါ"

တဖက်လူက သူတို့ကို မငြင်းပေ။ ထို့ကြောင့် သတင်းဆိုး မဟုတ်သေးပါ။

သို့သော်လည်း တဖက်လူက သူတို့ကို ပိုရှင်းလင်းတိကျတဲ့ အဖေကို ပေးနိုင်ဖို့တော့ အားလုံး မျှော်လင့်မိကြသည်။

"ရပါတယ်"

ကျမ့်ယွင်နော်က ခေါင်းဆက်ငုံ့ထားပြီး ဖုန်းကိုသာ ဆက်ကစားနေလေသည်။ ဖြစ်ပျက်ခဲ့တာတွေကို ဂရုမစိုက်သလို ဟန်ဆောင်လိုက်၏။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now