အခန်း(၆၉) အိမ်ပြန်ခေါ်သွားချင်တယ်ဟုတ်လား!

1K 114 0
                                    

အခန်း(၆၉) အိမ်ပြန်ခေါ်လာချင်တယ်ဟုတ်လား!

ကျမ့်ယွင်ချန်းတစ်ယောက် ရီဝေနေစဉ် ကျမ့်ယိလင်လေးက ကိတ်မုန့်ကို သူ့ဘေးရှိ စားပွဲထောင့်မှာ တင်ပေးခဲ့ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ လှည့်ထွက်သွားပါသည်။

ထို့ကြောင့် ကျမ့်ယွင်ချန်းတစ်ယောက် သူ့ညီမ သူစိမ်းဆန်တာကိို ခံလိုက်ရလေသည်။

ကျမ့်ယိလင်ရဲ့ စာကြည့်ခန်းထဲမှာ ကျမ့်ယွင်ချန်း ခဏလောက် ဆက်နေခဲ့သည်။ ထိုအချိန်အတွင်း ကျမ့်ယိလင် ပေးသွားသည့် ကိတ်မုန့်တစ်စိပ်ကို စားလို့ကုန်သွားသည်။ သူမအတွက် ဂျီသြမေတြီ မေးခွန်းတချို့ကိုလည်း ရှင်းပြခဲ့ပါသေးသည်။

ထိုအချိန်တောအတွင်း ကျမ့်ယိလင်လေးရဲ့ စာကြည့်စားပွဲဘေးမှာ ချထားသည့် ထိုးလက်စ ဆွယ်တာတစ်ခုကိုလည်း ကျမ့်ယွင်ချန်း မြင်သွားပါသည်။ သူ့ကို လက်ဆောင်ပေးတဲ့ ဆွယ်တာနဲ့ စတိုင်အတူတူပဲ ဖြစ်သည်။ သို့သော်လည်း သိုးမွေးချည်ရောင်က မီးခိုးရောင်ဖြစ်သည်။ သူ့ကို ပေးထားတာထက် ဒီတစ်ခုက ပိုသေးပါသည်။

ထိုအကြောင်းအရင်းကြောင့်ပဲ သူရရှိခဲ့သည့် မာဖလာက တခြားလူတစ်ယောက်ယောက် သီးသန့်ပြင်ဆင်ထားတာ ဖြစ်နိုင်သော်လည်း ဆွယ်တာကိုတော့ ကျိန်းသေ ကျမ့်ယိလင်လေး ထိုးပေးထားတာဖြစ်မှန်း ကျမ့်ယွင်ချန်း သေချာသွားခဲ့ပါသည်။

ထိုအကြောင်း စဉ်းစားမိရင်း သတိမထားမိဘဲ ကျမ့်ယွင်ချန်းရဲ့ နှုတ်ခမ်းတွေ ပြုံးမိသွားခဲ့သည်။

သို့သော်လည်း ကျမ့်ယိလင်လေး သူ့ကို 'ကိုကြီး' ဟု ခေါ်တဲ့အသံကိုတော့ ကျမ့်ယွင်ချန်း မကြားရသေးပါ။

သူ့ကို 'ကိုကြီး'ဟု ပြန်ခေါ်တာကို ကြားရဖို့ အချိန်တွေ ဘယ်လောက်ကြာမယ်မှန်း သူ မသိပါ။

ကျမ့်ယွင်ချန်း အောက်ထပ်ကို ပြန်ဆင်းလာတော့ ကျမ့်ယိလင်လေးကို ရက်ပိုင်းလောက် အိမ်ပြန်ခေါ်သွားချင်သည့်အကြောင်း အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ကို ပြောလိုက်ပါသည်။

သို့သော်လည်း အဘွားကျမ့်က သူ့အကြံကို ချက်ချင်း ကန့်ကွက်ခဲ့၏။ "နင်ဘာတွေ တွေးနေတာလဲ။ နင်တို့ကသူ့ကို လာထားချင်တိုင်း လာထား ပြန်ခေါ်ချင်တိုင်် ခေါ်သွားလို့ ရမလား။ သွားစမ်းပါဟယ် ဟာသပဲ! ငါ့မြေးလေးက ဒီမှာ ငါနဲ့နေနေတာ! ငါတို့နှစ်ယောက်က အသက်ကြီးပြီး ဘာမှ သိပ်မလုပ်နိုင်ဘူး ဆိုပေမယ့် ငါ့မြေးမလေးကိုတော့ သေချာ စောင့်ရှောက်နိုင်သေးတယ်!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now