အခန်း(၆၀) သုတေသန အဖွဲ့အစည်း(၃)

1.2K 140 0
                                    

အခန်း(၆၀) သုတေသန အဖွဲ့အစည်း(၃)

ထို့ကြောင့် ချန်းယွီလည်း ဖုန်းကို ပြန်ထုတ်ကာ ဒေါက်တာ F.S ကို မက်ဆေ့တစ်စောင် ထပ်ပို့လိုက်ပါသည်။

[ဒေါက်တာ F.S အခု ဘယ်မှာလဲ။ ကျွန်တော် အဖွဲ့အစည်း ဂိတ်ကို ရောက်နေပြီ။ ခင်ဗျားကို မမြင်ဘူး]

ချန်းယွီ မက်ဆေ့ပို့လိုက်တာနဲ့ ပြန်စာကို ချက်ချင်း ရရှိခဲ့ပါသည်။

[ကျွန်မ ရှင့်ရှေ့မှာ]

ဟမ်

ချန်းယွီ လန့်သွား၏။

သူ့ရှေ့မှာ ဟုတ်လား။

သူ့ရှေ့မှာ သောင်းကျန်းနေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဂျူနီယာအထက်တန်း ကောင်မလေး တစ်ယောက်သာ ရှိပါသည်။

တခြား ဘယ်သူမှ မရှိပေ။

သူကန်းများကန်းနေတာလား။

ကျမ့်ယိလင် ရှေ့တိုးလိုက်ပြီး သူမဖုန်းကို မြှောက်ကာ ချန်းယွီအား ပြလိုက်ပါသည်။

ဖုန်းဖန်သားပြင်ပေါ်တွင် သူနဲ့ ဒေါက်တာ F.S တို့ရဲ့ ပြောထားတဲ့ စာတွေကို ချန်းယွီ မြင်လိုက်ရသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဘာလို့ သူ့ဖုန်းထထဲမှာ  ရှိနေတာလဲ။

ဒီအခြေအနေကြီးက ဘယ်လိုကြီးလဲ။

ချန်းယွီ ဖန်သားပြင်ကို ကြောင်စီစီဖြင့် အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဖုန်းပိုင်ရှင်ကို ပြန်စိုက်ကြည့်လိုက်၏။

"မင်းက..." ခေတ္တစဉ်းစားပြီးနောက် ချန်းယွီ နောက်ထပ် ဖြစ်နိုင်ချင်တစ်ခုကို စဉ်းစားလိုက်မိသည်။ "ဒေါက်တာ F.S က သူ့ကိုယ်စား မင်းကို လွှတ်လိုက်တာလား"

"ကျွန်မက F.S ပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။

ဟမ်...

"ငါ့ကိုလာနောက်မနေနဲ့! ငါသိသလောက်ဆို ဒေါက်တာ F.S က နာမည်ကြီး တက္ကသိုလ် တစ်ခုက ဇီဝဗေဒနဲ့ ဘွဲ့ရထားတဲ့လူ"

"အဲ့တာကျွန်မသုံးတဲ့ အကောင့်ထဲက အချက်အလက်လေ။ ကျွန်မ အချက်အလက်မှ မဟုတ်တာ"

သိပ္ပံနဲ့ နည်းပညာ အစုအဖွဲ့မှာ ဆောင်းပါး ရေးဖို့ဆို ဆက်သွယ်ရေးအကောင့်တစ်ခု ရှိရသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now