အခန်း(၇၁) မိုမိသားစုရဲ့စိုးရမ်ကြောင့်ကြမှု

1K 106 0
                                    

အခန်း(၇၁) မိုမိသားစုရဲ့စိုးရမ်ကြောင့်ကြမှု

ကျမ့်ယွင်ချန်း ကျမ့်အိမ်တော်မှ ထွက်သွားသည့်အချိန်တွင် မိုရှစ်ယွင်က သူမအမေနဲ့ စကားစတင် များလေသည်။

"အမေ နောက်တစ်ခါ ဒီလိုလုပ်ရပ်မျိုး မလုပ်ပါနဲ့။ သမီး မွေးနေ့လက်ဆောင် ပြင်ဆင်ပေးမယ်လို့ ကတိပေးထားပြီးသား မဟုတ်ဘူးလား" မိုရှစ်ယွင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူမ လေသံက စိတ်ပျက်လက်ပျက် ဖြစ်နေသည့်လေသံမျိုး ဖြစ်ပါသည်။

"နင်ဘာတွေ ပြောနေတာလဲ" ဒေါ်လေးမို ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် ပြန်မေးလိုက်သည်။

"သခင်လေးယွင်ချန်းရဲ့ မွေးနေ့လက်ဆောင် ကိစ္စလေ။ အမေအဲ့လို မလုပ်လိုက်သင့်ဘူး"

"နေပါဦး။ အဲ့လက်ဆောင်က နင်ပေးတာ မဟုတ်ဘူးလာ" ဒေါ်လေးမို ပြန်မေးလိုက်သည်။ သူမ မျက်နှာက အံ့အားသင့်သွားသည့် ပုံစံမျိုး။

သူမ အမေရဲ့ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူမ အမေလည်း ဒီကိစ္စကို မသိမှန်း မိုရှစ်ယွင် နားလည်သွားသည်။

"အမေ ပြင်ထားတာ မဟုတ်ဘူးလား။ ဒါဆို..." မိုရှစ်ယွင် မှင်သက်သွားသည်။

"ငါလည်း အဲ့ဒီမွေးနေ့လက်ဆောင်က နင်ပြင်ပေးထားတာ ထင်လို့လေ။ ကျမ့်မိသားစုထဲက ဘယ်သူမှ မွေးနေ့လက်ဆောင်ပေးမယ် မထင်လို့။ အဲ့တာကြောင့်... အမေက... ဟာ... နင့်လက်ဆောင်မဟုတ်ဘူးလား"

နှစ်ယောက်စလုံး တုန်လှုပ်သွားကြလေသည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တရားခံ ထင်ထားကြသော်လည်း ဒီလို မဟုတ်မှန််း အခုတော့ သိသွားရပါပြီ။

ထိုအခါ ဒေါ်လေးမို ဂယောင်ချောက်ချား ဖြစ်သွား၏။ "ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့ ပေါ်သွားမလား မသိဘူး"

မိုရှစ်ယွင် မျက်မှောင်ကြုတ်ကာ အခြေအနေကိုသေသေချာချာ စဉ်းစားလိုက်ပါသည်။

သူမ သမီးရဲ့ မျက်နှာကို မြင်သောအခါ ဒေါ်လေးမို ကိုယ့်ကိုယ်ကို အပြစ်စတင်ခဲ့သည်။ "အားလုံး ငါ့အပြစ်တွေပါအေ။ နင့်ကို လက်ဆောင်ပေးဖို့ အကြံမပေးခဲ့သင့်ဘူး အစောကြီးကတည်းက နင့်အတွက် ဝန်အပို ဖြစ်နေတာကို။ အခုတော့.. အခုတော့ ပြဿနာ တက်ပြီ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now