အခန်း(၁၀၀) ခြံဝန်းထဲက အသားကင်ပွဲတော်

750 86 1
                                    

အခန်း(၁၀၀) ခြံဝန်းထဲက အသားကင်ပွဲတော်

အဘိုးကျမ့်ကိုယ်တိုင်က ဒီလိုပြောမှတော့ ကျမ့်ရှုရှင်း ဘာမှ ထပ်မပြောနိုင်တော့ပေ။

လောလောဆယ် ယိလင်လေးက ကျမ့်အိမ်တော်ဟောင်းမှာ နေထိုင်နေသည်။ အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့က သူမကို စောင့်ရှောက်ထား၏။ သူတိုက ပြဿနာမရှိဘူးဟု ဆိုရင် သူလည်း ဝင်မစွက်ဖက်သင့်တော့ပါ။

သို့သော်လည်း သူ့ရင်ထဲမှာတော့ မသင့်တော်ဘူးဟု ခံစားနေရဆဲ ဖြစ်ပါသည်။

ယွီရှိက ဘယ်လောက်ပဲ ယုံကြည်ရပါစေ သူက ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

ယိလင်က သူတို့ရဲ့ သမီးလေးဖြစ်သည်။

အနာဂတ်မှာ သူတို့မိသားစုနှစ်စု လက်ဆက်ပေးနိုင်ချေရှိသော်လည်း အခုလောလောဆယ်တော့ စိတ်ကူးမရှိသေးပါ။ ယိလင်လေးက ငယ်သေးသည်။ သူမ အရွယ်ရောက်လာမှ ထိုကိစ္စတွေ ပြောသင့်ပါသည်။

၁၀ နာရီဝန်းကျင်တွင် ကျမ့်ယိလင်လေး ပြင်ဆင်ထားသည့် ဟင်းချက်ပစ္စည်းများကို ယွီရှိ ယူထုတ်လာခဲ့သည်။

မြက်ခင်းပေါ်မှာလည်း နေကာထီးကြီးများကို စိုက်ထူထားကြသည်။ ၎င်းတို့နဲ့အတူအကင်စက်ကြီးများစွာလည်း ချထားပါသည်။

ဘေးမှာတော့ စားပွဲတစ်လုံးပေါ်မှာ ချက်ပြုတ်ထားပြီးသား ဟင်းလျာတချို့၊ သောက်စရာတချို့ကို တည်ခင်းထားသည်။

ဒါတွေကိုတော့ ဟဲယန်က ပြင်ဆင်ထားခြင်း ဖြစ်၏။

ယွီရှိနဲ့ စကားပြောပြီးသောအခါ သူမ အလွန် အလုပ်များခဲ့ရသည်။

သောက်စရာတွေနဲ့ အစားအစာတွေ အကုန်လုံးက ကျိန်းသေပေါက် ထိပ်တန်း အရည်အသွေးများဖြစ်အောင် သူမ သေချာလုပ်ခဲ့ရသည်။ ပစ္စည်းတစ်ခုတိုင်းကို ဂရုတစိုက်နဲ့ စီစဉ်ခဲ့ရ၏။

ဒါကသာမန် ခြံဝန်းထဲက အသားကင်ပွဲလေး ဖြစ်သော်လည်း ဟဲယန်ကတော့ ဒီလို မမြင်မိပေ။ ဆရာရှန်းကို တွေ့ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်ပါသည်။

ဆရာရှန်းနဲ့ ဆုံချင်တဲ့ လူတွေအများကြီးရှိသည်။ နည်းလမ်းပေါင်းစုံ ကြိုးစားကြသော်လည်း တစ်ယောက်မှ မအောင်မြင်ကြပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now