အခန်း(၈၃) ချွေ့လီယောင်ရဲ့ ပြစ်တင်မှု

1K 100 0
                                    

အခန်း(၈၃) ချွေ့လီယောင်ရဲ့ ပြစ်တင်မှု

"အဖေဘာလုပ်တာလဲ! ဘာလို့ သမီးကို ရိုက်တာလဲ!' ချွေ့ယီကျန်း အော်လိုက်၏။ ခေါင်းမော့ပြီး ချွေ့လီယောင်ကို ပြန်အော်လိုက်ခြင်းပင်။

"ဘာလို့ မရိုက်ရမှာလဲ! နင့်ကို သတ်တောင် သတ်ချင်နေတာနော်!" ချွေ့လီယောင် ငေါက်လိုက်သည်။ ဒေါသဖြင့် အံကို ကြိတ်ထားပါသည်။

"ဒါဆိုလည်း သတ်လိုက်တော့! ကျွန်မကို သတ်ပြီး ရှင့်အသုဘကို ဘယ်သူလာမလဲ ကြည့်လိုက်လေ!"

ချွေ့ယီကျန်းက ချွေ့လီယောင်နား ထပ်တိုးးသွားသည်။ သူမအဖေကို ထပ်ရိုက်ခိုင်းဖို့ ပါးထိုးပေးလိုက်၏။

"နင်တော့လား!" ချွေ့လီယောင် အော်လိုက်သည်။ သူ့သမီးကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ သို့သော်လည်း ထပ်မရိုက်ရဲပါ။

သူမက သူ့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်၏။

"နင်ဘာတွေလုပ်လိုက်လဲ ကြည့်စမ်း! နင်ငါ့ကို နာမည်ဖျက်နေတာလား!"

ထပ်မရိုက်နိုင်တော့သဖြင့် ချွေ့လီယောင် သူ့သမီးကို စတင် ပြစ်တင်ပြောဆိုလေသည်။

"ဘုရားရေ၊ ဒါဘယ်လောက်ဆိုးတဲ့ အခြေအနေမို့လို့လဲ။ ရှင်က ဥက္ကဌကြီး မဟုတ်ဘူးလား။ ဒီကိစ္စလေးတောင် မရှင်းနိုင်ဘူးလား။ Forum ကြီးကြပ်သူကို ပို့စ် ဖျက်ခိုင်းလိုက်လေ။ အဲ့တာဆို ပြဿနာ ပြေလည် မသွားဘူးလား"

ချွေ့ယီကျန်း အပြစ်ရှိသလို ခံစားရသော်လည်း သူမအဖေ ဒီကိစ္စကို ကိုင်တွယ်နိုင်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သူ့နာမည်ကို ဖျက်တာကြောင့်သာ သူမကို ဒေါသထွက်နေတာဟု ထင်နေ၏။

"အခြေအနေ ဘယ်လောက်ဆိုးလို့လဲ ဟုတ်လား!" ချွေ့လီယောင် ဒေါသထိန်းဖို့အတွက် အသက်ဝဝ ရှူလိုက်ရ၏။ ချွေ့ယီကျန်းကို ပါးထပ်မရိုက်ချင်တော့ပါ။

"ကျမ့်မိသားစုကို အားနည်းတယ်များ ထင်နေတာလား။ ဒီပြဿနာ တစ်ခုတည်းနဲ့ ကျမ့်မိသားစုနဲ့ ကျီမိသားစုကို နင်ဆွဲထည့်ခဲ့ရုံတင် မကသေးဘူး ငါတို့ မိသားစုကိုပါ ဆွဲထည့်ခဲ့တယ်! ငါတို့ ကျမ့်မိသားစုကို ယှဉ်နိုင်တယ် ထင်နေတာလား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now