အခန်း(၇၂) အကြံဆိုးနဲ့ ရည်းစားစကားပြောခြင်း (၁)

1K 99 0
                                    

အခန်း(၇၂) အကြံဆိုးနဲ့ ရည်စားစကားပြောခြင်း (၁)

"စိတ်မပူပါနဲ့အမေ။ သမီးစာတက္ကသိုလ်ကောင်းကောင်း တက်နိုင်အောင် ကြိုးစားပါ့မယ်။ အနာဂတ်မှာ အမေ ဘဝ ကောင်းကောင်းနဲ့ ကျိန်းသေနေနိုင်အောင် သမီးကြိုးစားပါ့မယ်။ သမီးကို ယုံနော်။ သမီး တက္ကသိုလ်ရောက်တာနဲ့ အမေ အလုပ်တွေ ဒီလောက်ထိ ခက်ခက်ခဲခဲ လုပ်စရာ မလိုတော့ဘူး"

မိုရှစ်ယွင်က သူမအမေကို ဆက်လက် နှစ်သိမ့်ပေးသည်။

ခဏလောက်ကြာသောအခါ ဒေါ်လေးမိုရဲ့ စိတ်ခံစားချက်တွေ တည်ငြိမ်သွားပါသည်။

ထို့နောက် ဒေါ်လေးမိုက မိုရှစ်ယွင်ကို  မေးလိုက်သည်။ "သြော် ဒါနဲ့ သခင်မလေး ယိလင်ကို ကျောင်းမှာ တွေ့မိသေးလား"

ကျမ့်ယိလင်က အဘိုးကျမ့်တို့အိမ်ကို ရောက်သွားသဖြင့် ဒေါ်လေးမို အဆက်အသွယ် ပြတ်သွားခဲ့ပါသည်။

"အမေ။ သမီးက စီနီယာအထက်တန်း နောက်ဆုံးနှစ်၊ သူက စီနီယာအထက်တန်း ပထမနှစ်လေ။ သမီးတို့က စာသင်ခန်း Block ချင်းမတူကြဘူး။ အခြေအနေထူးထူးခြားခြား မရှိရင် သူ့ကို တွေ့ဖို့က မဖြစ်နိုင်ဘူး"

"သြော်..." ဒေါ်လေးမိုက ပြန်ပြောလိုက်သည်။ သူ့မျက်လုံးထဲမှာလည်း စိတ်ပျက်အားလျော့မှု အရိပ်အယောင်တစ်ခု တွေ့လိုက်ရပါသည်။

"အမေ  ဘာလို့မေးတာလဲ။ တစ်ခုခု ဖြစ်လို့လား" မိုရှစ်ယွင် ပြန်မေးလိုက်၏။

"မဖြစ်ဘူး မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သခင်မလေးယိလင်က အိမ်မှာ မရှိဘူးလေ။ အဲ့တာကြောင့် သူအတွက် နည်းနည်း စိတ်ပူလို့ပါ" ဒေါ်လေးမို အမြန် ရှင်းပြလိုက်သည်။

ဟဲယန်နဲ့ သူမရဲ့ အပေးအယူက သူမတို့ နှစ်ယောက် အကြားမှာပဲ ရှိသင့်သည်။ သူမရဲ့ သမီးကို ဘယ်တော့မှ ဆွဲထည့်မှာ မဟုတ်ပါ။ ငရဲကို သွားရမယ်ဆိုရင်တောင် သူမ တစ်ယောက်တည်းသာ သွားမည်။

နောက်တစ်နေ့က အင်္ဂါနေ့ဖြစ်သည်။ စီနီယာအထက်တန်း ပထမနှစ် ကျောင်းသားများအတွက် ဒုတိယလပတ် စာမေးပွဲနေ့လည်း ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now