အခန်း(၉၄) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း

1.5K 138 2
                                    

အခန်း(၉၄) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း

သို့သော် ဒီအလုပ် သူမနဲ့ ကိုက်ညီမှု ရှိတာလည်း ထိုအကြောင်းအရင်းကြောင့်ပဲ ဖြစ်ပါသည်။

သို့သော် လက်တွေ့ ခွဲစိတ်ကုသမှု အော်ပရေးရှင်းများကို သူမ ပြုလုပ်နိုင်သည်ဟူသည့် လက်တွေ့ မှတ်တမ်းသက်‌သေတွေတော့ မရှိိသေးပါ။

ယေဘုယျအားဖြင့် အများစုက လက်ထောက် ခွဲစိတ်ဆရာဝန်အနေဖြင့် စတင်ကြရသည်။ ခွဲစိတ်ကုသမှုနဲ့ အကြိမ်ပေါင်းများစွာ ထိတွေ့ပြီးမှ ခေါင်းဆောင် ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ ရာထူးတိုးခံရမည်။

သူမကို ဒီအလုပ်အတွက် ခွဲစိတ်ဆရာဝန် ခေါင်းဆောင် လုပ်ဖို့ သုတေသန အဖွဲ့အစည်းက တောင်းဆိုလိုက်လျှင် ထူးဆန်းနေပါလိမ့်မည်။

[ဒါက အဖွဲ့အစည်းထဲက ပရော်ဖက်ဆာပေါင်းများစွာနဲ့ ဆွေးနွေးပြီး ရလာတဲ့ ရလဒ်ပါ။ ဒီအဏုစိပ်ခွဲစိတ်မှုက အတော်လေး ခက်ခဲမယ်ဆိုပေမယ့် အော်ပရေးရှင်း အန္တရာယ်က နိမ့်ပါတယ်။ ခင်ဗျားရဲ့ စွမ်းရည်ကို ထုတ်ပြနိုင်မယ့် အခွင့်အရေးတစ်ခုပဲ။ ဟုတ်တာပေါ့။ အော်ပရေးရှင်းအတွင်းမှာ တခြား ပရော်ဖက်ဆာနဲ့ သုတေသန ပညာရှင်တွေလည်း ခင်ဗျားကို ကူညီပေးမှာပါ။ ဒီအော်ပရေးရှင်း မအောင်မြင်ဘူးဆိုရင်တောင် မတော်တဆမှု မဖြစ်အောင် သူတို့ ထိန်းပေးလိမ့်မယ်]

ရိုးရိုးရှင်းရှင်းပြောရရလျှင် ဒီအော်ပရေးရှင်းက ကျမ့်ယိလင်လေး သူမရဲ့ စွမ်းရည်ကို ထုတ်ပြဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ပါသည်။ တဖက်လူက သူတို့အတွက် စမ်းသပ်ခံ သက်သက်ပင်။

အော်ပရေးရှင်း အောင်မြင်လျှင် သူမ ချက်ချင်း နာမည်ကျော်သွားလိမ့်မည်။

သို့သော် အော်ပရေးရှင်း မအောင်မြင်ပါကလည်း ဘယ်သူမှ အသက်ဆုံးရှုံးမှာမ ဟုတ်ပါ။ အခြေအနေက ဒီ့ထက်် ပိုဆိုးနိုင်မှာ မဟုတ်ဘဲ တဖက်လူကို ရှင်းပြလို့ လွယ်ပါသည်။

သာမန်သုတေသန အဖွဲ့အစည်းတွေဆို ဒီလို လုပ်ဖို့ မလွယ်နိုင်ပါ။ သို့သော်လည်း သူတို့ အဖွဲ့အစည်းကတော့ လုပ်နိုင်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now