အခန်း(၉၇) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၄)

663 86 0
                                    

အခန်း(၉၇) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၄)

ရုတ်တရက်ကြီး အခန်းထဲက အခြေအနေ တင်းမာသွားလေသည်။

ခြေသံကြားသောအခါ ကျမ့်ယိလင် ပြန်လာပြီဖြစ်မှန်း ကျမ့်ယွင်နော် သိပါသည်။ သူ့ခန္ဓာကိုယ် တစ်လက်မလောက် လှုပ်ရှားသွားပြီး မျက်နှာထားက သိသိသာသာကြီး တင်းမာသွားခဲ့သည်။

သို့သော်လည်း သူမော့မကြည့်ပါ။ သူ့ဖုန်းကိုသာ ဆက်ကစားနေသည်။ ကျမ့်ယိလင်ကို မရှိသလို သဘောထားလိုက်ပါသည်။

ဝမ်းနွမ်က သူမရဲ့ သမီးကို လွမ်းဆွေးစွာ ကြည့်နေသည်။ သူမကို မတွေ့ရတာ အချိန်အတော် ကြာခဲ့ပါပြီ။ သူမ သမီးရဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို မြင်သောအခါ သူမနှလုံးသားထဲ ခံစားချက်ပေါင်းစုံ စုစည်းလာခဲ့သည်။ သူမ မျက်လုံးတွေလည်း စိုစွတ်လာခဲ့၏။

ကျမ့်ရှုရှင်းနဲ့ ကျမ့်ယွင်ချန်းတို့ရဲ့ မျက်နှာတွေလည်း တည်တံ့သွားကြပါသည်။

အဘွားကျမ့် ရင်ထဲ သက်ပြင်းချလိုက်မိ၏။ သူမ မိသားစုကို ဒီလိုပုံစံမျိုးနဲ့ မြင်ရတာ တကယ်ပဲ ခက်ခဲလွန်းပါသည်။

အကြီးအကဲတစ်ယောက်အနေနဲ့ သူမ မိသားစု အဆင်ပြေဖို့သာ သူမ မျှော်လင့်သည်။ အားလုံးချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရှိဖို့ကိုသာ လိုလားသည်။

သို့သော်လည်း ကိုယ်မျှော်လင့်ထားသလို ဘယ်တုန်းက ဖြစ်ဖူးလို့လဲ။ သူမလည်း ဘာမှ မတတ်နိုင်ပါ။

အစောပိုင်းတုန်းကတော့ ဟဲယန်က ဖြစ်လာမည့် ဒရမ်မာကို ကြည့်ဖို့ ပြင်ဆင်ထားသည်။ သို့သော်လည်း ဆရာရှန်း ရောက်လာသောအခါ သူမအာရုံက ဆရာရှန်းပေါ်မှာပဲ ရှိပါတော့သည်။

ဆရာရှန်းနဲ့ ထပ်တွေ့ရပြန်ပြီ! ပြီးတော့ ကျမ့်အိမ်တော်ဟောင်းမှာပဲ...

သူမသားကိုလည်း သူ့အဘိုးအဘွားတွေနဲ့ ခဏလောက် နေဖို့ လွှတ်လိုက်ရင် ကောင်းမည်ဟု ဟဲယန် စက္ကန့်ပိုင်းစာလောက် တွေးမိသွားသည်။

ကျမ့်ယုကျဲက အားလပ်ရက်တွေကျမှ ဆရာရှန်းနဲ့ အစားအသောက်တူတူ စားလို့ရနိုင်ရင်တောင် စကားတချို့ ပြောနိုင်ပါလိမ့်မည်။  ထိုအခါ ဆရာရှန်းနဲ့ ရင်းနှီးလာမည်။ ထိုအခါ အနာဂတ်တွင် ယုကျဲအတွက် အကူအညီ ကြီးကြီးမားမား ဖြစ်လာနိုင်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now