အခန်း(၅၀) ပါတီပွဲ (၁)

1.4K 151 0
                                    

အခန်း(၅၀) ပါတီပွဲ (၁)

ထိုအချိန်တွင် ယွီရှိ ပေါ်လာခဲ့သည်။ "ခင်ဗျား သွားလို့ရပြီ။ ယုကျဲကို ကျွန်တော် စကားပြောလိုက်ပါ့မယ်"

"ဟုတ်ကဲ့" အိမ်တော်ထိန်းက ပြန်ပြောလိုက်ပြီး ခပ်မြန်မြန် နောက်ဆုတ်လိုက်ပါသည်။

ကျမ့်ယုကျဲက ယွီရှိကို မျက်လုံးချင်း စိုက်ကြည့်လိုက်သည်။ "ယိလင်လေး ဘယ်မှာလဲ"

"မင်းညီမက ခုတလော စာအရမ်းလုပ်ရလို့ ပင်ပန်းနေတယ်။ ဒီမနက်ရောက်လာတော့ သူ့မျက်လုံးတွေ နီရဲနေတာပဲ။ သူ့ကို အိပ်ဖို့ ဧည့်သည်အခန်းတစ်ခန်းဆီ ပို့ပေးထားတယ်"

"ငါ့ကိုမလိမ်နဲ့ ယွီရှိ"

"ငါ့စကားကို မယုံဘူးလား ယုကျဲ"

ယွီရှိ စိတ်ဝင်စားသွားသည်။ သူ့ယုံကြည် လေးစားခံရမှု ဒီလောက်နိမ့်မည်ဟု ထင်မထားပါ။

"ငါမယုံတာ မင်းကို မဟုတ်ဘူး"

အိမ်ထဲမှာ ရှိနေသေးတဲ့ တခြားတစ်ယောက်ကို မယုံကြည်တာသာ ဖြစ်သည်။

စကားကို အပြည့်မပြောသော်လည်း ဆိုလိုရင်းကို ယွီရှိ နားလည်ပါသည်။

ယွီရှိက ကျမ့်ယုကျဲကို ပခုံးပုတ်ပေးလိုက်ပြီး တီးတိုးပြောလိုက်ပါသည်။ "စိတ်မပူစမ်းပါနဲ့။ သူက မိန်းမတွေကို ထိခိုက်အောင် မလုပ်တတ်ဘူး။ ယိလင်လေးသာဆို ပိုဝေး"

ဆရာရှန်းသာ မိန်းကလေးတွေကို ဒီလို ကိစ္စမျိုး လုပ်လျှင် ယွီရှိကို ကျိုက်မိသားစု အကူအညီတောင်းစရာတောင် လိုမှာ မဟုတ်ပါ။

အချိန်တွေ ကုန်လွန်သွားပြီး ယွီအိမ်တော်ကို လူတွေ ရောက်လာကြပါသည်။

ရောက်လာတဲ့လူတိုင်းက ဟန်းယွမ်မြို့ရှိ လူနေမှု အဆင့်အတန်းတစ်ခုအထိ မြင့်မားသည့် ပုဂ္ဂိုလ်တွေချည်းသာ ဖြစ်သည်။

လူငယ်တွေအတွက် ပါတီပွဲဖြစ်သဖြင့် အသက်အကြီးဆုံးက ၂၅ နှစ်မကျော်ကြပါ။

အားလုံး အချိိန်တိတိကျကျ ရောက်လာခဲ့သည်။

ဒီပါတီပွဲကို ယွီရှိ ကျင်းပတာ ဖြစ်သော်လည်း ယခုလက်ရှိ ယွီအိမ်တော်မှာ ဘယ်သူနေထိုင်နေသလဲဆိုတာကို အားလုံး သိကြပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now