အခန်း(၄၆) ဆရာရှန်းရဲ့ လက်ဆောင် (၂)

1.5K 176 5
                                    

အခန်း(၄၆) ဆရာရှန်းရဲ့ လက်ဆောင် (၂)

စာရင်းဖောင်တွင် ဟဲယန်ရဲ့ နာမည်က ထင်ထင်ရှားရှား ပေါ်လာခဲ့ပါသည်။ နေ့စွဲက မတော်တဆမှု ဖြစ်ပြီးနောက်‌တစ်ရက်။

စာရင်းရဲ့ တတိယ အတန်းတွင် ဝင်ရောက်ကြည့်ရှုခဲ့သူ၏ ID နံပါတ်လည်း ပါသည်။

ID နံပါတ်နဲ့ မွေးနေ့တို့ကို ကြည့်ခြင်းအားဖြင့် နာမည်တူ တခြားတစ်ယောက် မဟုတ်ဘဲ တကယ့် ဟဲယန်အစစ် ဖြစ်မှန်း ကျမ့်ယိလင် အတည်ပြုနိုင်လိုက်ပါသည်။

စာရင်းရဲ့ နောက်ဆုံးအတန်းကတော့ လုံခြုံရေး မှတ်တမ်းကို ကြည့်ခွင့်တောင်းရသည့် အကြောင်းအရင်း ဖြစ်သည်။

[နားကပ် ပျောက်ဆုံးခြင်း။ ကျွန်မ အခန်းထဲ သူခိုးတစ်ယောက်ဝင်ခိုးသွားတယ်လို့ သံသယရှိတယ်]

ယွီရှိက ဆက်ပြောလိုက်၏။ "ဒုတိယစာအုပ်ထဲမှာ ဒီတစ်နှစ်အတွင်း ဟိုတယ်မှာ ချက်ခ်အင် လုပ်ခဲ့တဲ့ လူတိုင်းရဲ့ မှတ်တမ်းပါတယ်။ ငါစစ်ကြည့်ပြီးပြီ။ ကြည့်ရတာ ဒီနှစ်အတွင်း ဟဲယန် ဒီဟိုတယ်မှာ တစ်ခါမှ မတည်းခဲ့ဖူးဘူးထင်တယ်"

ယွီရှိ ထိုအကြောင်းတွေကို ပြောရင်း ကျမ့်ယိလင်၏ မျက်နှာအနေအထားကို စောင့်ကြည့် အကဲခတ်နေပါသည်။

သူအားလုံးကို အသေးစိတ်ကျကျ ရှင်းပြနိုင်ခဲ့ရဲ့လားဆိုတာ မသေချာပါ။ သူပြောနေတာကို ကျမ့်ယိလင် နားလည်ရဲ့လား သူတွေးမိ၏။

သူမသာ နားမလည်လျှင် ဆက်ပြီး ရှင်းပြပါမည်။ သူဘာကို ဆိုလိုချင်သလဲဆိုတာ သူမ ကျိန်းသေ နားလည်ဖို့လိုသည်။

သို့သော်လည်း ကျမ့်ယိလင်ကတော့ ဒီမှတ်တမ်းတွေရဲ့ အဓိပ္ပာယ်ကို ကျိန်းသေ နားလည်တာပေါ့။

ယခင်တုန်းက သူမလည်း ဟဲယွင်ရှန်းအပန်းဖြေဟိုတယ်၏ လုံခြုံရေးမှတ်တမ်းကို ကြည့်ခွင့် တောင်းဆိုဖို့ ကြိုးစားဖူးပါသည်။ သို့သော်လည်း မတော်တဆ ဖြစ်ခဲ့တဲ့နေ့က လုံခြုံရေး မှတ်တမ်းတွေ ပဟေဠိဆန်စွာနဲ့ ပျောက်ကွယ်သွားခဲ့ပါသည်။

ယခုတော့ မတော်တဆ ဖြစ်ခဲ့တဲ့ ရက်အပြီး နောက်တစ်ရက်တွင် ဟဲယန် ဟိုတယ်ကို သွားခဲ့ကြောင်း သက်သေတစ်ခု သူမလက်ထဲမှာ ရှိနေပါပြီ။ ကျမ့်မိသားစုတစ်စုလုံး ကျမ့်ယွင်နော်ရဲ့ ဒဏ်ရာကြောင့် အလုပ်ရှုပ်နေစဉ် လုံခြုံံရေးမှတ်တမ်းကို ဟဲယန် ဖျက်ပစ်ခြင်း သို့မဟုတ် ခိုးယူသွားခြင်းမျိုး ပြုလုပ်ဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်မည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora