အခန်း(၁၁) အဖျားဝင်တဲ့ ကျမ့်ယွင်ချန်း

1.7K 204 2
                                    

အခန်း(၁၁) အဖျားဝင်တဲ့ ကျမ့်ယွင်ချန်း

သူဟန်းယွမ်မြို့ကို ရောက်လာတာလား။

မူရင်းဝတ္ထုထဲတွင် ဒီအချိန်ကာလအတွင်း ဇာတ်ပို့ဇာတ်ကောင်များအကြောင်း များများစားစား ဖော်ပြထားတာမရှိပေ။ ထို့ကြောင့် အခုချိန်မျိုးမှာ ဒီလူ ဟန်းယွမ်မြို့ကို ဘာကြောင့် ရောက်လာသလဲဆိုတာကို ကျမ့်ယိလင်တောင် မသိနိုင်ပါ။

ဒီလူ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ ကြုံရမလဲဆိုတာကိုလည်း မသိပါ။ သူနဲ့ ဇာတ်လိုက်မင်းသားတို့အကြား ဘယ်လို ပဋိပက္ခဖြစ်ခဲ့သလဲ ဆိုတာလည်း မသိပါ။ အဘယ့်ကြောင့်ဆိုသော် သူမ ဝတ္ထုကို ဇာတ်သိမ်းအထိ မဖတ်ရသေးသောကြောင့်ပင်။ သူမ ကျမ့်ယိလင် သေဆုံးသွားသည့် အပိုင်းနားထိ ဖတ်ပြီးနောက် အဖွဲ့အစည်းတွင် မတော်တဆတစ်ခု ဖြစ်ခဲ့ပြီး သူမ ဒီကမ္ဘာလောကဆီ ကူးပြောင်းလာခဲ့တာဖြစ်ပါသည်။

သူမသိတာဆိုလို့ ဒီလူက စိတ်ဓာတ်မကောင်းဘဲ ဂုဏ်သတင်းလည်း သိပ်မကောင်းလှပါ။

ကိစ္စတွေကို သူကိုင်တွယ်သည့် နည်းလမ်းက ကျိုးကြောင်းမသင့်ဘဲ အကျိုးဆက်တွေကိုလည်း ဘယ်တော့မှ ထည့်တွက်လေ့မရှိပါ။ သူ့အသက်အပါအဝင် ဘယ်အရာကိုမှ ဂရုမစိုက်တတ်ပါ။

သူသေရမှာ မကြောက်ပေ။ သူသေမှာကို ကြောက်နေရတာ သူ့မိသားစုသာဖြစ်သည်။

ပေကျင်းမြို့မှာ ဆိုရိုးစကားရှိ၏။ ကောင်းကင်ဘုံကိုကော ကမ္ဘာမြေကိုကော မကြောက်ပါနဲ့၊ ဆရာရှန်း နှလုံးအောင့်တယ်လို့ ပြောတာကိုသာ ကြောက်ကြပါ ဟူ၍ ဖြစ်သည်။

ဆရာရှန်း နှလုံးအောင့်သည်ဟု ပြောလိုက်တာနဲ့ ကျိုက်မိသားစုတစ်စုလုံး ဗြောင်းဆန်သွားပြီး တခြားသူတွေကပါ သူတို့နောက်ကို ကသောင်းကနင်း လိုက်ကြရသည်။

လက်ဘက်ရည်သောက်ပြီးကြသောအခါ အတော်ပင် နောက်ကျနေလေပြီ။ အဘွားကျမ့်က ကျမ့်ယိလင်လေးကို ပြန်တောင် မလွှတ်ချင်ပါ။

"ဝမ်းနွမ်က ယွင်နော်ကို လူနာစောင့်ပေးရတယ်။ နင်ကလည်း ကုမ္ပဏီမှာ အလုပ်များနေတယ်ဆိုတော့ ငါ့အသည်းတုံးလေးကို ငါနဲ့ထားခဲ့လိုက်ပါလား" အဘွားကျမ့်က ကျမ့်ယိလင်လေးကို ခေါ်ထားချင်သဖြင့် ပြောလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now