အခန်း(၅၄) ပါတီပွဲ(၅)

1.3K 142 0
                                    

အခန်း(၅၄) ပါတီပွဲ(၅)

"ဒီပါတီပွဲကို ကျင်းပတာ ငါနော်၊ ဆရာရှန်း မဟုတ်ဘူး။ သိကြရဲ့လား"

ဒီမှာ ဆရာရှန်းလည်း ရှိလိမ့်မည်ဟု ဖိတ်ကြားတုန်းက ယွီရှိ မပြောခဲ့ပါ။

သူတို့ဖာသာ စိတ်ကူးယဉ်နေကြခြင်း ဖြစ်၏။

"ဒါပေမယ့် ဆရာရှန်းက..."

ဖိတ်ကြားစာမှာ ဆရာရှန်း ရှိနေလိမ့်မည်ဟု မပြောသော်လည်း ပါတီပွဲကျင်းပဖို့ တခြား အကြောင်းအရင်း မရှိနိုင်ပါ။ အထူးသဖြင့် ဒီအချိန်၊ ဒီလိုနေရာမှာ ဖြစ်သည်။

ဆရာရှန်းလည်း ရှိလိမ့်မယ်လို့ လူတိုင်း တွေးချင်စရာပဲ မဟုတ်လား။

ယွီရှိက ဒီပါတီပွဲနောက်ကွယ်က အကြောင်းအရင်းကို မရှင်းပြခဲ့ပါ။ တကယ်ပဲ ဆရာရှန်းအတွက် ကျင်းပပေးသော ပါတီပွဲဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျိုက်မိိသားစုက ဆရာရှန်းနဲ့ ကောင်မလေးတစ်ယောက်ကို မိတ်ဆက်ပေးဖို့ ယွီရှိကို အမိန့်ပေးထားသောကြောင့် ဖြစ်သည်။

သူသာ ဘာမှမလုပ်ဘဲနေပါက ကျိုက်မိသားစုရဲ့ အမိန့်ကို လွန်ဆန်ရာ ကျမည်။ သူ့ဘဝကို နည်းနည်းလောက်အချိန်ကြာကြာ နေချင်ပါသေးသည်။

သို့သော် သူလုပ်နိုင်တာလည်း များများစားစား မရှိပါ။

ယွီရှိက ဒီပါတီပွဲကို ကျင်းပဖို့ ကျိုက်ယွင်ရှန်းရဲ့ သဘောတူညီချက်ကို ရယူခဲ့ရသည်။ သူ့သဘောတူညီချက်ကို ရပြီးမှ သူတို့ရွယ်တူ ယောက်ျားလေး၊ မိန်းကလေးများကို ယွီအိမ်တော်မှာ ပါတီကျင်းပဖို့ ဖိတ်ကြားခဲ့သည်။

ဓာတ်ပုံနဲ့ ဗီဒီယို နည်းနည်းလောက် ရိုက်ပြီး သခင်ကြီးကျိုက်ကို ပို့ပေးဖို့ စီစဉ်ထား၏။

သူက ပါတီပွဲကျင်းပဖို့သာ တာဝန်ယူထားသည်။ ဆရာရှန်းသဘောကျတဲ့ ကောင်မလေးကို ရှာနိုင်မလား မရှာနိုင်ဘူးလား ဆိုတာကတော့ သူထိန်းချုပ်လို့ ရတာမဟုတ်ပါ။ ထို့အတွက်တော့ သခင်ကြီးကျိုက်က သူ့ကို အပြင်တင်မှာ မဟုတ်ပေ။

ဆရာရှန်း ပေါ်လာမလားဆိုတာကလည်း သူ့စိတ်အခြေအနေပေါ် မူတည်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now