အခန်း(၁၀၅) ဆွယ်တာကို ယိလင်ထိုးထားတာ (၁)

858 102 2
                                    

ကျမ့်ယုကျဲ ပေါက်ကွဲသွား၏။ ကျမ့်ယွင်နော်နဲ့ ရန်သွားဖြစ်ဖို့ အသင့်ဖြစ်နေပါပြီ။

သို့သော်လည်း သူထရပ်ဖို့ ကြိုးစားစဉ် လက်သေးသေးလေး တစ်ဖက်က သူ့လက်မောင်းကို လှမ်းဆွဲလိုက်၏။ သူ့အင်္ကျီစကို ခိုင်ခိုင်မာမာ ဆွဲထားပါသည်။

ကျမ့်ယုကျဲက ကျမ့်ယိလင်လေးကို လှည့်ကြည့်လိုက်၏။

ကျမ့်ယိလင်လေးက သူ့ကို ပြန်ကြည့်ပြီး ခေါင်းခါပြလိုက်ပါသည်။ "ကိစ္စမရှိပါဘူး"

ကျမ့်ယုကျဲသာ ကျမ့်ယွင်နော်နဲ့ စကားများရန်ဖြစ်လျှင် တခြားသူတွေအားလုံးအတွက် အနေခက်အောင် လုပ်မိသလို ဖြစ်သွားပါလိမ့်မည်။ အားလုံး စိတ်မကောင်းဖြစ်ကာ ဘာကောင်းတာမှ ဖြစ်လာမှာ မဟုတ်ပေ။

"ဒါပေမယ့်..."

ကျမ့်ယုကျဲ ထိန်းမထားနိုင်လောက်အောင် ဒေါသထွက်နေသည်။ ကျမ့်ယွင်နော် တမင်သက်သက်လုပ်တာ သိသာနေတာကြီးကို!

"ရန်မဖြစ်ပါနဲ့" ကျမ့်ယိလင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမ မျက်နှာက ခိုင်မာနေပါသည်။

ကျမ့်ယုကျဲ မျက်မှောင်ကြုတ်လိုက်ပြီး ရင်ထဲမှာ ပဋိပက္ခ ဖြစ်သွားလေသည်။

သို့သော်လည်း နောက်ဆုံးတော့ လက်လျှော့လိုက်ပါသည်။ ဒီအခြေအနေကို သူခွင့်လွှတ်လိုက်မည်။

ကျမ့်ယွင်ချန်းက ရုတ်တရက် အဘွားကျမ့်ကို လှည့်မေးလိုက်ပါသည်။

"အဘွားကျမ့် ဒီဆွယ်တာကို ထိုးဖို့ ယိလင် အချိန်တော်တော်ယူခဲ့ရလား"

အဘွားကျမ့် ခေတ္တရပ်တန့်သွားပြီး ပြန်ဖြေလိုက်ပါသည်။ "နင်သဘောကျရင် ပြီးတာပါပဲ"

ထိုဆွယ်တာကို ထိုးဖို့ ကျမ့်ယိလင် အချိန်တွေ အားတွေ အများကြီး စိုက်ထုတ်ခဲ့ရတယ်ဆိုတာကို အဘွားကျမ့် ရေးကြီးခွင်ကျယ် လုပ်မပြောချင်ပေ။

ရုတ်တရက်ကြီး ကျမ့်ယွင်ချန်း ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ သူမ နားမလည်ပါ။

ထို့ကြောင့် ကျမ့်ယွင်ချန်းကို ဆက်ကြည့်နေပြီး အဖြေတစ်ခုကို စောင့်နေလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now