အခန်း(၇၆) ယိလင်လေးကို ကာကွယ်ကြ (၃)

1K 109 1
                                    

အခန်း(၇၆) ယိလင်လေးကို ကာကွယ်ကြ (၃)

စီနီယာအထက်တန်း နောက်ဆုံးနှစ်၊

ပညာထူးချွန်သူများ အတန်းတွင်...

ကျူးရှားက သူမဖုန်းကို ကိုင်ပြီး မိုရှစ်ယွင်ရဲ့ စားပွဲဆီ ပြေးလာပါသည်။

"ရှစ်ယွင်ရေ ရှစ်ယွင်! ကြည့်ပါဦး! သတင်းထူး!"

ကျူးရှောင်း၏ အသံက စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ပါ။

"ဘာဖြစ်လို့လဲ"

မိုရှစ်ယွင်က ကျူးရှားကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး ကျူးရှားရဲ့ ဖုန်းဖန်သားပြင်ကို ငုံ့ကြည့်လိုက်ပါသည်။

ဖြစ်ချင်တော့ ကျမ့်ယိလင်နဲ့ ပတ်သတ်တဲ့ ကိစ္စ ဖြစ်နေပါသည်။

"ဒါငါတို့နဲ့မှ မဆိုင်တာ။ ကိုယ့်ကိစ္စကိုယ်လုပ်ပြီး သူများနည်းတူ လိုက်မရှုပ်ရအောင်" မိုရှစ်ယွင်က နူးညံ့စွာ ပြန်ဖြေလိုက်ပါသည်။

သူမ မျက်နှာက တည်ငြိမ်နေသည်။

ကျူးရှားနဲ့ ယှဉ်လျှင် မိုရှစ်ယွင်၏ တုန့်ပြန်မှုက အလွန် အေးချမ်းသည်။

"ဒီတိုင်းလေးပဲ သွားကြည့်ရအောင်ဟာ! အဲ့တာ သူများနည်းတူ ရှုပ်တာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။ ကျမ့်ယိလင်က သူ့မိသားစု ချမ်းသာပြီး အဆင့်အတန်းရှိတာကြောင့် ငါတို့အားလုံးထက် ပိုသာတယ်လို့ အမြဲတမ်း ထင်နေတဲ့သူ။ အခုတော့ ကြည့်ပါဦး! ကလေကချေတစ်ယောက်နဲ့ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိနေပါလား!"

ကျူးရှားက သူမရဲ့ လှောင်ရယ်မှုကို လက်ဖြင့် ဖုံးဖို့ ကြိုးစားလိုက်ပါသည်။

"ငါတို့လည်း ကလေကချေတွေနဲ့ မပတ်သတ်သင့်ဘူး။ ခပ််ဝေးဝေးနေတာ အကောင်းဆုံးပဲ။သူတို့က ရန်စသွားစရင် ရှင်းရခက်တယ်"

ဒီလိုလူမျိုးတွေနဲ့ ခပ်ကင်းကင်းနေသင့်ကြောင်း ကျူးရှားကို မိုရှစ်ယွင် အကြံပေးလိုက်ပါသည်။ သို့သော်လည်း ကျူးရှားရဲ့ အဆိုကိုတော့ ထောက်လည်းမထောက်ခံ၊ ကန့်လည်း မကန့်ကွက်ပါ။

"ရှင်းဖို့ ခက်တယ်ဟုတ်လား။ စာလုံးကြီးတွေ ရေးပြီး ဖွင့်ပြောထားတာ ကြည့်ပါဦး! သောက်ရမ်း ရွံဖို့ကောင်းတာပဲ။ ဒီခေတ်ကာလမှာ ဘယ်သူက ဒီလိုမျိုး ရည်းစားစကား ပြောလို့လဲ။ စဉ်းစားကြည့်ရုံနဲ့ ကြက်သီးပါ ထတယ်!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now