အခန်း(၂၆) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၂)

1.7K 194 2
                                    

အခန်း(၂၆) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၂)

ရေခဲသေတ္တာထဲမှာ လတ်လတ်ဆတ်ဆတ် ဟင်းချက်ပစ္စည်းများစွာ ရှိသည်။

ပထမဆုံး ကျမ့်ယိလင် ကြက်စွပ်ပြုတ် ပြုတ်လိုက်သည်။ ကြက်စွပ်ပြုတ်ကို မီးအေးအေးနဲ့ အပူပေးထားလိုက်ပါသည်။

ကျမ့်ယွင်ချန်း အားရှိစေဖို့အတွက် စွပ်ပြုတ် သောက်ဖို့ လိုအပ်သည်။

ကျမ့်ယိလင် ချက်ပြုတ်မယ့် ဒုတိယ ဟင်းလျာက 'ကြက်သား၊ မှိုနဲ့၊ ဝက်ပေါင်ခြောက်မျှင် အသားပြုတ်ရည်' ဖြစ်သည်။

ဒီဟင်းလျာကို ချက်ဖို့ဆို ပါဝင်ပစ္စည်းအမယ်များစွာကို အလွန်ပါးလွှာသည့် အမျှင်‌လေးများ ဖြစ်အောင် စနစ်တကျ လှီးရသည်။

ဒီဟင်းလျာက ဓားကိုင်စွမ်းရည်အပေါ် မူတည်ရုံတင်မကဘဲ စိတ်ရှည်ဖို့လည်း လိုအပ်သည်။

ဖြစ်ချင်တော့ ကျမ့်ယိလင်လည်း ခွဲစိတ်ကုသမှုအတွက် လေ့ကျင့်ဖို့လိုနေတာနဲ့ အတော်ပဲ ဖြစ်သွားသည်။ ဟင်းသီးဟင်းရွက်လှီးတာနဲ့ ခွဲစိတ်ကုသမှုပြုလုပ်တာနဲ့က လုံးဝမတူညီသည့် ကိစ္စနှစ်ရပ်ဖြစ်သော်လည်း ဒီလို ဖြတ်တောက်ခြင်းမျိုးကို လက်တွေ့လေ့ကျင့်ဖို အသုံးပြုနိုင်ပြီး သူမရဲ့ စွမ်းရည်တွေကို ပိုမို ဖွံ့ဖြိုးလာစေပါလိမ့်မည်။

ဟင်းလျာ ချက်ပြုတ်ဖို့ လိုအပ်သည့် ပါဝင်ပစ္စည်းအမယ်များကို ရေခဲသေတ္တာထဲက ရှာလိုက်သည်။ ဝက်သား၊ ကြက်ရင်အုပ်၊ ဆောင်းမျှစ်များ၊ မှိုများ၊ ဝက်ပေါင်ခြောက်တို့ ဖြစ်သည်။

ဒါတွေအားလုံးက ကျမ့်မိသားစု မီးဖိုချောင်မှာ ပေါပေါများများရှိသည့် ဟင်းချက်ပစ္စည်း အမယ်များဖြစ်ပါသည်။

ထိုအမယ်များကို လှီးပြီးနောက် ပန်းကန်ပြား တစ်ချပ်ပေါ်တင်က စတင်ပေါင်းလေသည်။

နောက်ဆုံးတော့ ရုံးပတီသီးတချို့ကို ပြုတ်လိုက်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကိုလည်း စားပေးဖို့က အလွန်အရေးကြီးပါသည်။

စွပ်ပြုတ်ကို အပူပေးထားပြီး ဟင်းလျာများကို ပေါင်းထားချိန်တွင် ကျမ့်ယိလင်က မီးဖိုချောင်ဘေးရှိ စားပွဲကိုသွားလိုက်ပြီး သူမရဲ့ ကွန်ပျူတာကို ခဏထုတ်လိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now