အခန်း(၇၃) အကြံဆိုးနဲ့ ရည်းစားစကားပြောခြင်း (၂)

1K 109 0
                                    

အခန်း(၇၃) အကြံဆိုးနဲ့ ရည်းစားစကားပြောခြင်း (၂)

[အဲ့လိုတော့ မပြောပါနဲ့ဟယ်။ သူတို့ တကယ်ကြီး တွဲနေကြတာမှ မဟုတ်တာကို]

[နင်က ဘယ်လိုလုပ် ပြောနိုင်တာလဲ။ အဲ့လို ပတ်သတ်နေတာကကို ဆက်ဆံရေးတစ်ခု ဖြစ်နေပြီ...။ ကျမ့်ယိလင် ဘာမှမပြောခဲ့ရင် ဘာလို့ အဲ့ဒီကောင်က ငါတို့ကျောင်းဂိတ်ပေါက်ထိ သူ့နောက် လိုက်လာမှာလဲ။ တကယ်ပါပဲ... အခြေအနေကို ဘယ်လို ပြောရမှန်းကို မသိတော့ပါဘူး။ စကားလုံးနှစ်လုံးတည်းနဲ့ ငါ့ခံစားချက်ကို ပြောရမယ်ဆိုရင် 'ဟားဟား' ပဲရမယ်]

[ကျောင်းဒါရိုက်တာကြီး ဘယ်ရောက်နေလဲ။ သူတို့ ဒီကိစ္စကို မရှင်းသင့်ဘူးလား။ ဒီကိစ္စက ကျိန်းသေပေါက် ငါတို့ကျောင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာနော်။ အခြေအနေမသိတဲ့ တခြားလူတွေ ငါတို့ကျောင်းကို ဘာဘာညာညာ ထင်သွားဦးမယ်]

ထိုပို့်စ်ရှိ Reply အရေအတွက်က ရာဂဏန်းကျော်အထိ ထိုးတက်သွားလေသည်။

ပို့စ်ရေပန်းစားမှုမြင့်တက်လာကို မြင်ပြီး ချွေ့ယီကျန်း ပြုံးကာ ဖုန်းကို ပြန်ချထားလိုက်ပါသည်။

ပို့စ်၏ Reply တချို့ကို မြင်လိုက်ရသည့်အခါ သူမစိတ်အခြေအနေ အများကြီး ပိုကောင်းလာခဲ့သည်။

ကျမ့်ယိလင်ကို တိုက်ရိုက်ပြဿနာ ရှာလို့မရသော်လည်း သူမနာမည်ကို ညှိုးနွမ်းစေမည့် ကိစ္စတချို့ကိုတော့ လုပ်လို့ရပါသေးသည်။

ချွေ့ယီကျန်းနောက်က နောက်လိုက် ၂ ယောက်လည်း အူမြူးနေကြ၏။

"အစ်မကြီးချွေ့ ဒီတစ်ခေါက်တော့ သေချာပေါက် ကျမ့်ယိလင်ကို နာကျင်သွားအောင် လုပ်နိုင်တော့မယ်။ အစ်ကိုမင်က ဒီကလေကချေကို သေသေချာချာ ရှာထားတာ! အောက်တန်းစားတစ်ယောက်လို့ လူသိများကြတယ်။ ကျမ့်ယိလင်သာ အဲ့လိုကောင်မျိုးနဲ့ ပတ်သတ်မှုတစ်ခုခု ရှိသွားရင် သူ့ဂုဏ်သတင်းကတော့..."

စကားတောင် ပြောလို့မဆုံးသေး၊ သူမ မျက်နှာပေါ်က အပြုံး ပိုပြီးနက်ရှိုင်းသွားပါသည်။ သူမ ပျော်ရွှင်နေမှန်း မြင်သာသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now