အခန်း(၂၀) - သကြားလုံးပါဆို

1.6K 211 2
                                    

အခန်း(၂၀) - သကြားလုံးပါဆို

"ကျောင်းကိုဓားယူလာတာ တရားမဝင်ဘူးဆိုတာ မသိဘူးလား။ ရှန်းဟွာအထက်တန်းကျောင်းရဲ့ ကျောင်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတယ်နော်။ ကျောင်းသားတွေ ကျောင်းကို အန္တရာယ်ရှိတဲ့ ဘာဓားမှ ယူလာခွင့်မရှိဘူး။ စည်းကမ်းဖောက်ဖျက်တဲ့လူတိုင်း အပြစ်ပေးခံရမယ်!"

သင်ကြားရေးခေါင်းဆောင်ကြီး၏ မျက်နှာထားက တင်းမာနေသည်။

"သမီးဓားယူမလာပါဘူး"

"ဓားမယူလာဘူးဟုတ်လား။ နင်ဓားမယူလာဘူးလို့ ပြောရဲသေးတယ်ပေါ့လေ" ချွေ့ယီကျန်း ဒေါသထွက်သွားသည်။ "ခုလေးတင် နင်ဓားထုတ်လိုက်တာကို ငါတို့အကုန်လုံး မြင်တယ်။ ပြီးတော့ အစုံလိုက်ကြီး! အခုမှ အပြစ်ကင်းချင်ယောင် ဆောင်နေတယ်ပေါ့! နင်ဘယ်သူ့ကို လာလိမ်နေတာလဲ"

သင်ကြားရေးခေါင်းဆောင်ကလည်း ကျမ့်ယိလင်၏ စရိုက်ကို ကောင်းကောင်းသိပါသည်။ သူမက အပြစ်ကင်းစင်သည့်ပုံစံပေါ်သော်လည်း တကယ်တမ်း သူမက သူမအစ်ကိုကိုတောင် လှေကားပေါ်က တွန်းချခဲ့သူ ဖြစ်သည်။

သင်ကြားရေးခေါင်းဆောင်က ကျမ့်ယိလင်ကို အပြစ်ဝန်ခံဖို့ ဖြောင်းဖြသည်။ "ကျောင်းသူ ကျမ့်ယိလင်။ ဓားကို ထုတ်ပေးမယ်ဆိုရင် အပြစ်ဒဏ်လျှော့ပေါ့ပေးမယ်။ ဒါပေမယ့် ဆက်ခေါင်းမာနေဦးမယ်ဆိုရင်တော့ နင့်မိဘတွေ ခေါ်မှ ငါ့ကို အပြစ်မတင်နဲ့"

ကျမ့်ယိလင်က အံဆွဲထဲတွင် ခုနလေးတင်မှ သိမ်းလိုက်သည့် ခွဲစိတ်ဓားဗူးလေးကို ထုတ်လိုက်ပါသည်။

"ဟုတ်တယ် ဟုတ်တယ် အဲ့ဒီဗူးပဲ! ဆရာ၊ အဲ့ဒီ အိတ်နက်ထဲမှာ သူ့ခွဲစိတ်ဓားတွေ ရှိတယ်!" ချွေ့ယီကျန်းက ချက်ချင်းညွှန်ပြလိုက်ပါသည်။

"ကျောင်းသူ ကျမ့်ယိလင် အဲ့ဒီ အိတ်ပေးစမ်း" သင်ကြားရေးခေါင်ဆောင် လျှင်မြန်စွာ ပြောလိုက်သည်။

"သကြားလုံးတွေပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်ပါသ်ည။

သကြားလုံးဟုတ်လား

အဓိပ္ပာယ်မရှိတာတွေ!

"နင်ဘယ်သူ့ကို လာလိမ်နေတာလဲ။ ငါသကြားလုံး မစားဖူးဘူးလို့ ထင်နေတာလား။ ဓားကြီးမှန်း သိသာနေတာကို!" ချွေ့ယီကျန်းက မျက်စပစ်ရင်း ပြောလိုက်ပါသည်။ ဒီလောက် ပက်ပင်းတိုးနေတာတောင် ဘာလို့ လာလိမ်နေရသေးတာလဲ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now