အခန်း(၂၇) ချွေ့ယီကျန်း ပြဿနာရှာပြန်ပြီ

1.6K 165 0
                                    

အခန်း(၂၇) ချွေ့ယီကျန်း ပြဿနာရှာပြန်ပြီ

ကျမ့်ယိလင် ကျမ့်ယွန်ချင်းကို သိမ်မွေ့စွာ တွန်းထုတ်လိုက်ပါသည်။

အားသိပ်မပါသော်လည်း ခုခံချင်သည့် ရည်ရွယ်ချက်ကတော့ သိသာပါသည်။

ကျမ့်ယွင်ချန်း မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း ကျမ့်ယိလင်ကို အောက်ချ ပေးလိုက်ပါသည်။

ကျမ့်ယိလင် ကြမ်းပြင်ပေါ် ခြေချမိတာနဲ့ သူမ အိပ်တော့မည်ဟု ကျမ့်ယွင်ချန်းကို ပြောလိုက်သည်။

ထို့နောက် ခပ်မြန်မြန်ပဲ စားပွဲပေါ်က ပစ္စည်းတွေကို ကျောင်းလွယ်အိတ်ထဲ ပြန်သိမ်းထည့်လိုက်သည်။ ထို့နောက် အခန်းထဲမှ လှည့်ထွက်သွားပါတော့သည်။

ကျမ့်ယိလင်၏ အပြုအမူများက မုဆိုးတစ်ယောက်ထံမှ ရှောင်တိမ်းဖို့ ကြိုးစားနေသည့် သတ္တဝါငယ်လေး တစ်ကောင်လိုပင်။

ကျမ့်ယွင်ချန်းကတော့ သားကောင်ကို အမဲလိုက်မယ့် မုဆိုးကြီးပေါ့။

ကျမ့်ယွင်ချန်း သူ့လုပ်ရပ်တွေကိုသူ ပြန်သုံးသပ်မိသွားပါသည်။ ခုတလော သူမအပေါ် အရမ်းကြီးများ တင်းကြပ်မိခဲ့လား။ သူမက အသက်် ၁၅ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်...

ခဏလောက်စဉ်းစားပြီးနောက် ဒီလို မတွေးသင့်မှန်း နားလည်သွားပါသည်။

ယိလင် မမှန်ကန်သည့် လုပ်ရပ်များကို လုပ်ခဲ့သည်။ သူမကို ဂရုစိုက်ပြီး တန်ဖိုးထားတယ် ဆိုရင်တောင် ယွင်နော်ရဲ့ အနာဂတ်ကို ဘယ်သူ တာဝန်ယူပေးမှာလဲ။ အခု သူ့လက်တွေတောင် ပျက်စီးသွားပါပြီ။

ယွင်နော်ခံစားခဲ့ရတာတွေနဲ့ ယှဉ်လိုက်လျှင် လွန်ခဲ့သည့် ၂ ရက်အတွင်း ကျမ့်ယိလင်ရဲ့ ဒုက္ခများက ဘာမှ မပြောပလောက်ပါ။

ယွင်နော်အကြောင်း စဉ်းစားမိသောအခါ မျက်မှောင် ပိုကြုတ်သွားမိပါသည်။

ယွင်နော်ရဲ့ ဆေးမှတ်တမ်းများကို ပို့ပေးထားသော်လည်း တဖက်လူတွေက အကြောင်းကောင်းကောင်း မပြန်သေးပါ။

ထိုသို့ တွေးမိသောအခါ ကျမ့်ယိလင်ရဲ့ ကိစ္စတွေကိုတောင် သူမေ့သွားခဲ့ပါသည်။ သူလှည့်ထွက်သွားပြီး ကိုယ့်အခန်းထဲကိုယ် ပြန်ခဲ့ပါသည်။ ဒီနယ်ပယ်ထဲက အထူးကု တစ်ယောက်ယောက်နဲ့ ဆက်သွယ်နိုင်မလား သူ့သူငယ်ချင်းတွေကို ကြိုးစား အကူအညီ တောင်းကြည့်ပါဦးမည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now