အခန်း(၁၇) နင်ကကျမ့်ယိလင်ထက် အများကြီးပိုသာတယ်

1.6K 177 0
                                    

အခန်း(၁၇) နင်ကကျမ့်ယိလင်ထက် အများကြီးပိုသာတယ်

ကျမ့်ယိလင်ကို ကျမ့်မိသားစု ဘယ်လို ဆုံးမခဲ့သလဲဆိုတဲ့အကြောင်းကို ထိုကျောင်းသူ မသိသော်လည်း မိုရှစ်ယွင်၏ စကားလုံးများမှတဆင့် ကျမ့်ယွင်နော်ကို လှေကားပေါ်က တွန်းချလိုက်တာ ကျမ့်ယိလင်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ပါသည်။

ထိုကျောင်းသူရဲ့ နာမည်က ကျူးရှား။ မိုရှစ်ယွင်၊ ကျမ့်ယွင်နော်တို့နဲ့ အခန်းချင်းတူသည်။ ကျူးရှားက နောက်ဆုံးနှစ် အစမ်း စာသင်တန်း၏ ကိုယ်စားလှယ်ဖြစ်သည်။ သူမရဲ့ စာပေအဆင့်များက တင့်တယ်ပြီး တခြား အဆင့်တွေကလည်း မဆိုးလှပါ။ သူမရဲ့ ရုပ်ရည်ကတော့ သာမန်သာဖြစ်သော်လည်း မိုရှစ်ယွင်နဲ့ ရင်းနှီးပါသည်။

ကျူးရှားက ကျမ့်ယွင်နော်ကို ကြိုက်နေသူဖြစ်သည်။ အစကတော့ ညီမဖြစ်သူ ကျမ့်ယိလင်မှတစ်ဆင့် သူမအစ်ကိုကျမ့်ယွင်နော်အား ချဉ်းကပ်ချင်ခဲ့သည်။ သူ့ညီမနဲ့ အဆင်ပြေနိုင်လျှင် ကျမ့်ယွင်နော်နဲ့လည်း နီးစပ်လာနိုင်ပါသည်။

သို့သော် ကျမ့်ယိလင်က သူမကို လုံးဝ ဂရုမစိုက်။ ယဉ်ကျေးမှုပင် မရှိဘဲ သူမ အစ်ကိုကို ဆက်မကြံတော့ဖို့ ပြောခဲ့ပါသည်။

အမှန်ပင်။ ကျူးရှားကလည်း ဂရုမစိုက်ပါ။ ကျမ့်ယွင်နော်ကို ကြိုက်မိတာနဲ့ စိတ်ကူးယဉ်ဆန်တယ်လို့ ခေါ်ခံရစရာလား။ ကျမ့်ယိလင် သူ့ကိုယ်သူကော မှန်ထဲ ပြန်ကြည့်ရဲ့လား!။

ကျမ့်ယိလင်မှတဆင့် ကျမ့်ယွင်နော်ကို ချဉ်းကပ်ဖို့ ကျူးရှား မအောင်မြင်ခဲ့ရုံတင် မကဘဲ အလွန်ခံပြင်း ဒေါသထွက်ခဲ့ရ၏။

ထို့ကြောင့် ကျူးရှားက မိုရှစ်ယွင်ကို ဆက်လက် ချဉ်းကပ်ခဲ့ပါသည်။

မိစ္ဆာမလို စိတ်ဓာတ်မျိုးနဲ့ ကျမ့်ယိလင်နဲ့ ယှဉ်လိုက်ပါက မိုရှစ်ယွင်၏ စရိုက်က နတ်သမီးလေးတစ်ပါးလိုပင်။

ကျူးရှားက မိုရှစ်ယွင်ကို မေးလိုက်သည်။ "သြော်ဟုတ်သားပဲ ရှစ်ယွင်။ ငါတို့ ကျမ့်ယွင်နော်ဆီ သွားလည်လို့ရမယ်ထင်လား။ သူ့အတွက် ဆုတောင်းကတ်ပြားလေးတွေ ပြင်ထားပေးတဲ့ ကျောင်းသားတွေ အတန်းထဲမှာ အများကြီးပဲ။ ဒါပေမယ့် အတန်းထဲမှာ ယွင်နော်နဲ့ အဆက်အသွယ်ရှိတာဆိုလို့ နင်တစ်ယောက်ပဲရှိတာ။ သူဘယ်ဆေးရုံ၊ ဘယ်လူနာခန်းမှာ တင်ထားရလဲဆိုတာ နင်တစ်ယောက်ပဲ သိတာ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now