အခန်း(၃၂) နှစ်ခါမပြောဘူး

1.6K 165 1
                                    

အခန်း(၃၂) နှစ်ခါမပြောဘူး

နောက်ဆုံးတော့ ဆရာရှန်းကို ချွေ့လီယောင် တွေ့လိုက်ရပါပြီ။ ဆရာရှန်းက ထိန်းရသိမ်းရ ခက်သည့်လူဟု လူသိများသည်။

လောလောဆယ် ကျိုက်ယွင်ရှန်းက ယွီရှိနဲ့ ဘိလိယက်ထိုးနေသည်။ ကျိုက်ယွင်ရှန်းက အနက်ရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ ရှပ်အင်္ကျီ၏ အပေါ်ဆုံး ကြယ်သီး ၃ လုံးကို ဖြုတ်ထားပြီး လည်ပင်းက အတော်ဟိုက်နေသည်။ သူ့ကြွက်သားများက တောင့်တင်းခိုင်မာလှ၏။

ချွေ့လီယောင် မျှော်မှန်းထားတာနဲ့ အလွန် ခြားနားနေသည်။ အစက ဆရာရှန်းကို လူမမာတစ်ယောက်နဲ့ တူနေလိမ့်မည်ဟု သူထင်ထားခဲ့သောကြောင့် ဖြစ်သည်။

ဒီလူက ပိန်ပါးပြီး ပျော့ဖတ်နေလိမ့်မည်ဟု ချွေ့လီယောင် ထင်ခဲ့သည်။ သို့သော် သူ့ ပုံစံကို ကြည့်ရသလောက်တော့ ကျန်းမာရေး ဘာမှ မချို့ယွင်းတဲ့ ပုံစံပင်။

သူတို့ရဲ့ ဘိလိယက်ကစားပွဲကို ချွေ့လီယောင် မနှောင့်ယှက်ရဲပါ။ ထို့ကြောင့် ဘေးမှာ ယွီစစ်မြောင်နဲ့အတူတူ ခဏလောက် စောင့်နေလိုက်ကြပါသည်။

ကျိုက်ယွင်ရှန်းနဲ့ ယွီရှိတို့ ကစားပွဲ ပြီးသွားသည့်အထိ သူစောင့်လိုက်သည်။ ထိုအခါမှ ချွေ့လီယောင်က အပြုံးဖြင့် ရှေ့တိုးလာခဲ့သည်။

"ဆရာရှန်း" ချွေ့လီယောင်က နာမည် ခေါ်လိုက်ပြီး ပြုံးပြလိုက်ပါသည်။

ကျိုက်ယွင်ရှန်းလည်း ခေါင်းလှည့်လာပြီး သူ့ကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု  ပေါ်လာလေသည်။

သူတို့ မျက်လုံးချင်းဆုံသွားသည့် စက္ကန့်ပိုင်းအတွင်း အကြောင်းအရင်းမရှိဘဲ ချွေ့လီယောင် စိတ်ဖိစီးမှုများသွားရသည်။

လူတွေရဲ့ စိတ်ကို ဖတ်တတ်သလို မျက်လုံးတွေကို ချွေ့လီယောင် နောက်ဆုံး မြင်ခဲ့တာက ထျန်ရှင်းအုပ်စုရဲဲ့ ဥက္ကဌကြီးနဲ့ ဆုံခဲ့တုန်းက ဖြစ်သည်။

ထိုအချိန်တုန်းက တဖက်လူကို မသဲမကွဲ လှမ်းကြည့်ဖို့သာ အခွင့်အရေး ရခဲ့၏။ သူ့အဆင့်အတန်းနဲ့ ဥက္ကဌကြီးကို ကိုယ်တိုင် စကားသွားပြောဖို့ အခွင့်အရေး မရှိပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now