အခန်း(၇၈) ယိလင်လေးကို ကာကွယ်ကြ (၅)

1K 112 0
                                    

အခန်း(၇၈) ယိလင်လေးကို ကာကွယ်ကြ (၅)

"သူ့ကို လက်ကိုင်ကြိုးတစ်ချောင်း ပေးလိုက်ကြစမ်း။ ဒီကိစ္စကြီး မပြီးခင် မင်း အကြိမ် ၅,၀၀၀ ကြိုးခုန်နိုင်ရင် ဒီပြဿနာကို လျစ်လျူရှုပေးမယ်။ ဒါပေမယ့် အကြိမ် ၅,၀၀၀ မပြည့်ရင်တော့ မင်းခြေတစ်ဖက် လက်တစ်ဖက် ကျိန်းသေပေါက် ဆုံးရှုံးသွားအောင် လုပ်ပြမယ်။ ပြီးတော့ ၃,၀၀၀ မပြည့်ရင် ကျီအုပ်စုရဲ့ ပရောဂျက်သစ်ကိစ္စကို မေ့လိုက်တော့"

နောက်ဆုံးစကားကို ကြားသောအခါ ကျီကျွန်းဖန် မျက်နှာ ဖြူဆုပ်သွားသည်။

လောလောဆယ် ကျီအုပ်စုက ပရောဂျက် အသစ်အတွက် အားလုံးကို ပုံအော ရင်းနှီးမြှုပ်နှံထားသည်။ အချိန်တွေ၊ ငွေတွေ၊ အားအင်တွေ အများကြီး မြှုပ်နှံထားခဲ့သည်။ 
ထိုအကြောင်းအရင်းကြောင့် ကျီအုပ်စုတွင် ရန်ပုံငွေပြဿနာ ပေါ်လာခဲ့သည်။

သူတို့ရဲ့ ပရောဂျက်မှ အကျိုးအမြတ် ပြန်ဝင်လာဖို့ကို စောင့်မျှော်နေကြရသည်။

သို့သော်လည်း ပရောဂျက်အသစ်သာ မအောင်မြင်ပါက သူတို့ ဒေဝါလီခံသွားရနိုင်ချေ အလွန်မြင့်ပါသည်။

ဆရာရှန်းရဲ့ နောက်ကြောင်းရာဇဝင်နဲ့ အဆင့်အတန်းတို့နဲ့သာဆို ဒီပရောဂျက်ကို ကျရှုံးအောင် လုပ်ဖို့ လွယ်ကူပါသည်။

သူက ဒီလိုအရာမျိုးကို တကယ်လုပ်မယ့်လူလည်း ဖြစ်သည်။

ကျီမင် ကြက်သေသေနေဆဲပင်။ ကျိုက်ယွင်ရှန်းကို ရီဝေစွာ စိုက်ကြည့်နေ၏။

ဘော်ဒီဂတ်တစ်ယောက်က သူ့ကို လက်ကိုင် ကြိုးတစ်ချောင်း ပေးလိုက်သည်။

သို့သော်လည်း ကြိုးကို ရပြီးတာတောင် ကျီမင် ရီဝေနေဆဲပင်။ ယွီရှိက သတိပေးလိုက်၏။ "ငါအချိန်စမှတ်လိုက်ပြီ။ ဒီကိစ္စ အဆုံးသတ်တဲ့ အချိန်အထိပဲဆိုတာ မမေ့နဲ့နော်"

ထိုစကားကို ကျီကျွန်းဖန်ကြားသောအခါ ကျီမင်ဆီကို အမြန်ပြေးသွားပြီး အသည်းအသန် ဖိအားပေးလိုက်ပါသည်။ "ခွေးသားလေး! ကြိုးမြန်မြန်ခုန်တော့ကွ! ခါတိုင်း မင်းက အားအင်တွေ အရမ်းပြည့်ဝနေတတ်တာ မဟုတ်ဘူးလား။ အခု အဲ့အားအင်တွေ ဘယ်ရောက်ကုန်လဲ!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang