အခန်း(၁၄) ဆေးရုံကော်ရစ်ဒါမှာ အိပ်တဲ့လူ

1.6K 210 0
                                    

အခန်း(၁၄) ဆေးရုံကော်ရစ်ဒါမှာ အိပ်တဲ့လူ

ကျမ့်ယိလင်လေးလည်း စာတွေ ဆက်ရိုက်နေသည်။ အိမ်မှာ ရှိနေလျှင် ကွန်ပျူတာကိုပဲ ဆက်တိုက် သုံးနေတတ်၏။ ယခု အပြင်ရောက်ပြန်တော့လည်း သူမအချိန်တွေ မဖြုန်းချင်ပါ။ ကီးဘုတ်ကို တစ်တောက်တောက် နှိပ်နေပြီး စကားလုံးများ၊ သင်္ကေတများကို အကြောင်းလိုက် ရိုက်နေပါသည်။

ထို့နောက် ကျမ့်ယိလင်လေး သူမရဲ့ မိုဘိုင်း Mailbox ကိုဖွင့်လိုက်ကာ အီးမေးလ်များကို စစ်ကြည့်လိုက်သည်။ အီးမေးလ်ပေါင်းများစွာက လုံးဝ အင်္ဂလိပ်လိုချည့် ရေးသားထားသည်။ ၎င်းတို့ကို ပို့ထားသည့် နေ့စွဲများက လွန်ခဲ့သည့် ရက်ပိုင်းလောက်က ဖြစ်ပါသည်။ သူမ Inbox ထဲတွင် ပြန်စာ တချို့ ရှိနေ၏။ ဒီမနက်က ရရှိထားသည့် ပြန်စာကို မဖတ်ရသေးပါ။ ထို့နောက် ကျမ့်ယိလင်လေး ထို အီးမေလ်ကို စာပြန်ဖို့ ပြင်လိုက်ပါသည်။

ကျမ့်ယိလင်လေးက သူမ အလုပ်ကိုသူ အာရုံစိုက်နေသဖြင့် ကျမ့်ယွင်ချန်းနဲ့ မိုရှစ်ယွင်တိို့ ဘာတွေ ပြောနေကြသလဲဆိုတာတောင် သတိမထားမိခဲ့ပါ။

ထို့အစား အရှေ့ထိုင်ခုံမှာ စကားပြောနေသည့် သူတို့နှစ်ယောက်ကသာ မကြာခဏ သူမကို စိတ်ဝင်တစား လှည့်လှည့်ကြည့်နေ၏။

ဆေးရုံကို ရောက်သည့်အခါ ကျမ့်ယွင်ချန်းနဲ့ မိုရှစ်ယွင်တို့နှစ်ယောက် ကျမ့်ယွင်နော်ကို တွေ့ဖို့ လူနာခန်းကို တန်းသွားခဲ့ပါသည်။ ကျမ့်ယွင်နော်က သူတို့နှစ်ယောက်ကို မြင်ရတာ အလွန်ပျော်သွားသည်။

ကျမ့်ယိလင်လေးကိုတော့ အပြင်ဘက် ကော်ရစ်ဒါမှာပဲ သူတို့ပြန်လာတာကို စောင့်ခိုင်းထားပါသည်။

ထို့ကြောင့် ကျမ့်ယိလင်လေးလည်း လူသွားစင်္ကြံမှာ ထိုင်စရာ နေရာရှာလိုက်ပါသည်။

ထိုအချိန်တွင် လူသွားစင်္ကြံပေါ်က ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေသည့် ယောက်ျားလေး တစ်ယောက်ရှိသည်။

ထိုယောက်ျားလေး၏ မျက်နှာကို အဝတ်တစ်ခုဖြင့် အုပ်ထားပြီး အိပ်ပျော်နေသည့်ပုံ ပေါက်နေသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now