အခန်း(၅၉) သုတေသန အဖွဲ့အစည်း (၂)

1.1K 121 0
                                    

"ကျွန်မ အထဲဝင်ချင်လို့ပါ" ကျမ့်ယိလင်က ဝင်ခွင့်ကတ်ဖြတ်သည့် နေရာကို ညွှန်ပြလိုက်ပြီး ပြောလိုက်၏။

"ဦးလေးပြောပြီးပြီလေ။ မင်းတို့တွေအထဲဝင်လို့ မရဘူးလို့။ လုပ်ငန်းစဉ်တွေအတိုင်း သေချာ လိုက်နာရမယ်။ မင်းလိုနှစ်ယောက်လို လူတိုင်း လုပ်နေမယ်ဆိုရင် အကုန် ဗရုသုက္ခ ဖြစ်ကုန်မှာပေါ့။ ကျေးဇူးပြုပြီး မင်းအမေကိုလည်း ခေါ်သွားပေးပါ။ ဒီလိုလုပ်နေလို့ ဘာမှ ရလာမှာ မဟုတ်ဘူး" လုံခြုံရေးအစောင့်က သူမကို ဖြောင်းဖြဖို့ ကြိုးစားပါသည်။

"သူက ကျွန်မ အမေမဟုတ်ဘူး" ကျမ့်ယိလင် ပြန်ဖြေလိုက်၏။

"သူက မင်းအမေ မဟုတ်စရာလား။ မင်းတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ရောက်လာတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်တယ်နော်! မဟုတ်ရင် ဂျူနီယာအထက်တန်းကျောင်းသား တစ်ယောက်က ဘာလို့ ငါတို့သုတေသန အဖွဲ့အစည်းကို ရောက်လာမှာလဲ။ ငါ့ကို မလိမ်ပါနဲ့။ ငါသတိမထားမိတုန်း ငါ့ကိုကျော်ပြီး ဝင်ပြေးမလို့ ဒီလိုပြောနေတာမလား"

လုံခြုံရေးအစောင့်ကလည်း ကျမ့်ယိလင်ကို အမျိုးသမီးရဲ့ သမီးဖြစ်သည်ဟု ဆက်ပြီး ယုံကြည်နေသည်။

"အထဲက လူတစ်ယောက်နဲ့ ချိန်းဆိုထားတာ ရှိလို့ပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်၏။ သူမရဲ့ မျက်နှာက အေးဆေးတည်ငြိမ်နေသည်။ သူမရဲ့ အရှိန်အဝါက မြေပေါ်လှဲပြီး ငိုကြွေး မြည်တမ်းနေသည့် အမျိုးသမီးနဲ့ လုံးဝ ခြားနားနေပါသည်။

"ဘယ်သူနဲ့ ချိန်းထားတာလဲ။ အဲ့လောက်ကြီးတော့ အရှက်မရှိ မလုပ်နဲ့လေ။ ဘာလို့ အခုထိ လိမ်နေသေးတာလဲ"

လုံခြုံရေးအစောင့်လေသံက တော်တော်လေး စိတ်ကုန်လာသည့်ပုံစံ ပေါက်လာပါသည်။

အထဲကလူတစ်ယောက်နဲ့ ချိန်းဆိုထားလို့ ဟုတ်လး။ မဖြစ်နိုင်တဲ့ အကြောင်းပြချက်ကြီးပင်။ သုတေသန အဖွဲ့အစည်းထဲက လူတစ်ယောက်က ဘာကြောင့် ကလေးတစ်ယောက်နဲ့ ချိန်းဆိုထားမှာလဲ။

သူပြောပြီးတာနဲ့ မြေပေါ်မှာ လှဲနေသည့် အမျိုးသမီးကို လုံခြုံရေးအစောင့် ကြည့်လိုက်ပါသည်။ သူ့စိတ်ထဲမှာတော့ ဒီအမေ ကိုယ့်သမီးကိုယ် သင်ပြမှု အတော်ဆိုးရွားသည်ဟု တွေးလိုက်မိသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now