အခန်း(၂၉) ဗီဒီယို ရိုက်ထားတယ်

1.6K 175 0
                                    

အခန်း(၂၉) ဗီဒီယို ရိုက်ထားတယ်

နောက်ဆုံးတော့ ချွေ့ယီကျန်းနဲ့ နောက်လိုက် ၂ ယောက် စာသင်ခန်း ၈ ထဲမှ ထွက်သွားကြပါသည်။

သူမ ထွက်သွားကာမှ တစ်ခန်းလုံး စိတ်အေးနိုင်တော့သည်။

ချွေ့ယီကျန်း အခန်းထဲမှာ ရှိနေတုန်း သူမကို စိတ်ရှုပ်သွားအောင် လုပ်မိမှာ စိုးသဖြင့် ဘယ်သူမှ အသက်တောင် ပြင်းပြင်း မရှူရဲကြပါ။

ထိုအချိန်တွင် ကျမ့်ယိလင်က သူမ စားပွဲထဲမှ အနက်ရောင် ကုဗတုံးသဏ္ဌာန် ပစ္စည်းလေးတစ်ခုကို ထုတ်လိုက်ပါသည်။

ထိုပစ္စည်းထဲက မန်မိုရီကတ်တစ်ခုကို ထုတ်လိုက်သည်။

ထို့နောက် မန်မိုရီကတ်ကို သူမ လက်ပ်တော့ထဲ ထည့်လိုက်ပါသည်။

ကျမ့်ယိလင် လုပ်နေသည့် အရာကို မြင်သောအခါ ဟူကျောင်းကျောင်း မျက်လုံးတွေ ကျယ်သွားရပါသည်။

မကြာမီ ချွေ့ယီကျန်းနဲ့ နောက်လိုက် ၂ ယောက်တို့ ကျမ့်ယိလင်ရဲ့ လက်ပ်တော့ ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့ပါသည်။

"နင်... နင်အကုန်လုံးကို ရိုက်ထားတာလား" ဟူကျောင်ကျောင်းရဲ့ မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ကျောင်းရဲ့ လုံခြုံရေးကင်မရာက အားမှ မကိုးရတာ"

ချွေ့ယီကျန်းက ကျောင်းဥက္ကဌ၏ သမီးဖြစ်မှန်း ကျမ့်ယိလင် သိပါသည်။ ကျောင်းရဲ့ လုံခြုံရေး မှတ်တမ်းတွေက သူမအတွက် အန္တရာယ်မရှိဘူးဆိုတာ ခန့်မှန်းရ မခက်ပေ။

ထို့ကြောင့် ကျောင်းလုံခြုံရေး ကင်မရာထက် သူမဖာသာ ရိုက်ကူးထားတာက အများကြီး ပိုစိတ်ချရပါသည်။ ထို့အပြင် သူမ ဝယ်ထားသည့် ပစ္စည်းမှာ အသံလည်း ဖမ်းထားနိုင်သည်။

ဟူကျောင်းကျောင်းရဲ့ မေးခွန်းကို ပြန်ဖြေရင်း ကျမ့်ယိလင်ရဲ့ လက်ချောင်းများက ကီးဘုတ်ကို ခပ်သုတ်သုတ် ရိုက်နှိပ်လိုက်ပါသည်။ ဗီဒီယို၏ အပိုင်းတချို့ကို ပြုပြင်ပြီး ပါဝင်နေသည့် လူတွေရဲ့ မျက်နှာကို ဝါးပေးလိုက်ကာ စကားတချို့ကို ဖြတ်တောက်လိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Место, где живут истории. Откройте их для себя