အခန်း(၁၀၁) ခြံဝန်းထဲက အသားကင်ပွဲတော် (၂)

640 83 0
                                    


"ဟုတ်ကဲ့" ကျမ့်ယိလင်လေး ပြန်ဖြေလိုက်သည်။ ထို့နောက် အသားကင်စက်ဆီသို့ လှည့်ထွက်သွားလေသည်။

ကျမ့်ယုကျဲက ကျမ့်ယိလင်လေးရဲ့ ဘယ်ဘက်မှာ ရပ်နေပြီး ယွီရှိကတော့ ညာဘက်မှာ ရပ်နေပါသည်။ သူတို့ မီးဖိုချောင်ထဲမှာ ဆွေးနွေးထားခဲ့တဲ့ အတိုင်းပင်။

ဒီနေ့ ဘာမတော်တဆမှုမှ မဖြစ်စေဖို့အတွက် သူတို့ ကျမ့်ယိလင်လေးနားမှာ နေဖို့ ဆုံးဖြတ်ခဲ့ကြသည်။

"ဘာစားချင်လဲ" ကျမ့်ယိလင်လေး မေးလိုက်၏။ ခေါင်းမော့ကာ ကျမ့်ယုကျဲကို ကြည့်လိုက်ပါသည်။

"ခုံးနဲ့ ပဲကြာဇံစားချင်တယ်!" ခုံးကောင်တွေကို သူကိုယ်တိုင် ခွာထားရတာဖြစ်သည်။ ထို့နောက် ကျမ့်ယိလင်လေးက ကြက်သွန်စဉ်းကောများနဲ့ ပဲကြာာဇံများကို ခုံးများပေါ်တွင် အုပ်ခဲ့သည်။ သူ့အတွက် ဟင်းခတ်အမှုန့်များလည်း ခတ်ပေးလိုက်ပါသေးသည်။

ကျမ့်ယိလင်လေး ခေါင်းငြိမ့်လိုက်၏။

ထို့နောက် ယွီရှိကို လှည့်မေးလိုက်ပါသည်။ "ဘာစားချင်လဲ"

ယွီရှိ ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "သိုးသားတုတ်ထိုးစားချင်တယ်!"

သိုးသားများကို လေးထောင့်ပုံစံ တုံးပြီးနောက် တစ်တုံးချင်း တုတ်ဖြင့် ထိုးခဲ့သည်။

ကျမ့်ယိလင်လေး အဖြေများရပြီးနောက် အကင်စကင်ပါတော့သည်။ တစ်ချိန်တည်းမှာပင် ခုံးများ၊ သိုးသားတုတ်ထိုးများ၊ ပုစွန်များ၊ ပြောင်းဖူးများကိုလည်း ကင်ခဲ့သည်။

ပုစွန်တွေက အဘွားကျမ့်အတွက်၊

ပြောင်းဖူးဖုတ်က အဘိုးကျမ့်အတွက်။

စားစရာတွေ အများကြီးကို တစ်ပြိုင်တည်း ကင်ရသော်လည်း သူမပုံစံက နည်းစနစ်ကျပါသည်။ ပရော်ဖက်ရှင်နယ် တစ်ယောက်နဲ့တောင် တူနေလေသည်။

ကျိုက်ယွင်ရှန်းကတော့ သူတို့နဲ့ ၂ မီတာလောက် ကွာဝေးသည့် နေရာတွင် ကုလားထိုင်တစ်လုံးနဲ့ ထိုင်နေပါသည်။ သူ့ပုံက သိသိသာသာကြီး ဘဝင်မကျသည့်ပုံပင်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now