အခန်း(၁၀၃) ခြံဝန်းထဲက အသားကင်ပွဲတော် (၄)

671 83 0
                                    

ပါးပါးလှပ်လှပ်လှီးထားသော မြေအောင်မှိုများနဲ့ ဂရုတစိုက်ရွှေးချယ်ထားသည့် အမဲသားတို့ကို သူမ တုတ်ထိုးလိုက်ပါသည်။ ထို့နောက် အသားကင်စက်ပေါ်မှာ မီးကင်လိုက်သည်။

ကျိုက်ယွင်ရှန်းက ဆီများတဲ့အစာ အများကြီး စားလို့ မရသော်လည်း အဆီနည်းတဲ့ အသားတွေကိုတော့ သင့်တော်တဲ့ ပမာဏတစ်ခုအထိ စားလို့ရပါသေးသည်။ ဘာအသားမှ မစားရဘူးဆို မတရားပေ။

ကျမ့်ယိလင်က ခဲပတ်ကို အသားကင်စက်ပေါ် တင်လိုက်ပြီး လှီးထားတဲ့ Morel မှိုများနဲ့ ကျောက်ပုစွန် အသားလုံးများကို ခဲပတ်ပေါ် တင်လိုက်သည်။ ထို့နောက် XO အချဉ်ရည်၊ ကြက်သွန်ဖြူစင်းကော၊ တခြား ဟင်းခတ် အမှုန့်များကို Morel မှိုနဲ့ ကျောက်ပုစွန် အသားလုံးများပေါ် အုပ်လိုက်သည်။ ဟင်းခတ် အမွှေးအကြိုင်များ ပြင်ဆင်ပြီးတာနဲ့ ခဲပတ်ကို လိပ်လိုက်သည်။ ခဲပတ်က အပူနဲ့ မွှေးရနံ့တို့ကို ထိန်းသိမ်းပေးနိုင်ပါသည်။

ခဏလောက်ကြာသောအခါ ခဲပတ်ကိုဖွင့်လိုက်ပြီး သင်းပျံ့တဲ့ မွှေးရနံ့လေးတစ်ခု ထွက်လာခဲ့ပါသည်။

ချက်ပြုတ်လို့ မပြီးခင် ဟင်းလျာထဲမှာ ကိုက်လန်ကိုလည်း ထည့်ခဲ့ပါသေးသည်။

အစားအစာပြင်ဆင်မှု အားလုံးပြီးမြောက်သောအခါ အနောက်တိုင်းစတိုင် ပန်းကန်ပြားတစ်ချပ်ပေါ် အားလုံးကို တင်လိုက်သည်။ ပန်းကန်ပြားထဲမှာ မှိုကင်၊ မြေအောင်းမှိုနဲ့အသားတုတ်ထိုး၊ ကျောက်ပုစွန်အသားလုံးများ ပါသည်။

နောက်ဆုံးတော့ ပန်းကန်ပြားကို ချယ်ရီ ခရမ်းချဉ်သီးလေးများနဲ့ အလှဆင်လိုက်ပါသည်။

ပန်းကန်ပြားက မွှေးရနံ့များနဲ့ ပြည့်လျှံနေကာ အလွန် လက်ရာမြောက်လှသည်။

ထိုပန်းကန်ပေါ်က အစားအစာကို ယွီရှိ ရုတ်တရက်ကြီး စားချင်လာမိသည်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ သိုးသားတုတ်ထိုးကိုတောင် မစားချင်တော့ပေ။

ကျမ့်ယိလင်လေး လာပေးသည့် ပန်းကန်ကို ကျိုက်ယွင်ရှန်း ယူလိုက်၏။ အစားအစာတွေကို ဖြည်းဖြည်းချင်း မြည်းစမ်းပါတော့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now