အခန်း(၇) အရမ်းကြောက်တတ်မယ့်ပုံစံလေး

1.7K 199 1
                                    

အခန်း(၇) အရမ်းကြောက်တတ်မယ့်ပုံစံလေး

"ဒါဆို ခဏတော့ မင်းကို ယိလင် ဒုက္ခပေးလိမ့်ဦးမယ်ကွာ" ကျမ့်ယွင်ချန်းက ချင်းချွမ်ကို ပြောလိုက်၏။ ချင်းချွမ်လည်း ပြန်ပြောလိုက်သည်။ "ရပါတယ်ဗျာ"

"ဒါဆို ဒီနေ့ပဲ စကြရအောင်လေ။ ဒီတစ်ပတ်တော့ မင်းအရမ်း ပင်ပန်းရမယ်ထင်တယ်"

"ကိစ္စမရှိပါဘူး"

ပင်ပန်းရတာ ကိစ္စမရှိပါ။ နေ့တိုင်း သီးသန့် ကျူရှင်ဆရာ လုပ်နိုင်ပါက ကျူရှင်ခလည်း နေ့စဉ်ကောင်းကောင်းရနိုင်မည့် သဘောပင်။

ကျမ့်ယွင်ချင်းကလည်း ကျူရှင်ခကို တစ်နေ့ချင်းရှင်းပေးသွားမည်ဟု ကတိပေးထားသည်။

ဒီလိုဆို သူ့အမေရဲ့ ဆေးရုံတင် ကုန်ကျစရိတ်တွေကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ပါလိမ့်မည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆို ကျမ့်ယိလင် ကျောင်းခဏနားနေခြင်းက ချင်းချွမ်အတွက် အချိန်ကိုက် အထောက်အကူဖြစ်နေပါသည်။

ထို့နောက် ချင်းချွမ်တစ်ယောက် ကျမ့်ယိလင်နဲ့အတူတူ သူမရဲ့ စာကြည့်ခန်းထဲ လိုက်လာခဲ့ပါသည်။

ကျမ့်ယိလင်ရဲ့ စာကြည့်ခန်းကလည်း ကလေးမလေး တစ်ယောက်ရဲ့ စာကြည့်ခန်းလိုပင်။ ကျမ့်မိသားစုမှာ သမီးမိန်းကလေး တစ်ယောက်တည်းသာ ရှိသဖြင့် သူမကို မင်းသမီးလေးတစ်ပါးလို ပျိုးထောင်ခဲ့ကြသည်။ စာကြည့်ခန်းက ကျော့ရှင်း လှပနေကာ ပန်းရောင်များဖြင့် စီခြယ် ထားသည်။

ကျမ့်ယိလင် ဒီပန်းရောင်တွေကို ကျိန်းသေ‌ေပါက် မကြိုက်ပါ။ သူမရဲ့ အတွင်းစိတ်နဲ့လည်း လုံးဝ ကိုက်ညီမှု မရှိပါ။

သို့သော်လည်း ကျမ့်ယိလင်က သူမအခန်းရဲ့ အပြင်အဆင် စတိုင်များကို ပြင်ဆင်နေဖို့ အချိန်မရှိပေ။

ကျမ့်ယိလင်ရဲ့စာကြည့်ခန်းထဲ ချင်းချွမ် ဝင်လိုက်တာနဲ့ ငယ်ရွယ်ပြီး မရင့်ကျက်သေးသည့် မိန်းကလေးတစ်ဦးရဲ့ ခံစားချက်မျိုးကို ရလိုက်ပါသည်။

သူမက တကယ့် ကျမ့်မိသားစုရဲ့ မင်းသမီးလေးဖြစ်သည့်ပုံပါပင်။ သို့သော်လည်း Forum ကနေ သူကြားထားသည့် စကားလုံးများအရဆိုရင်တော့ သူမကို မိစ္ဆာမလေးဟု ခေါ်ကြသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now