အခန်း(၇၄) ယိလင်‌လေးကို ကာကွယ်ကြ (၁)

1K 104 0
                                    

အခန်း(၇၄) ယိလင်လေး ကာကွယ်ကြ (၁)

ယွီအိမ်တော်တွင်...။

ယွီရှိတစ်ယောက် ပျင်းပျင်းရိရိနဲ့ ဖုန်းကြည့်နေသည်။

ဒီနေ့ ဆရာရှန်း အပြင်မထွက်ပေ။ ထို့ကြောင့် သူလည်း ဆရာရှန်းနဲ့အတူတူ အိမ်မှာ နေနေရသည်။

ပျင်းနေတာကြောင့် ယွီရှိ ရှန်းဟွာ အထက်တန်းကျောင်း Forum ကိုဖွင့်လိုက်သည်။

အရင်တစ်ခေါက် ကျမ့်ယိလင်နဲ့ ပတ်သတ်တဲ့ ပို့စ်ကို မြင်ပြီးကတည်းက မကြာခဏ Forum ကို သူစစ်ဆေးခဲ့သည်။

ဖြစ်ချင်တော့ ကျမ့်ယိလင်နဲ့ ပတ်သတ်တဲ့ နောက်ထပ် ရေပန်းစား ပို့စ်တစ်ခုကို သူမြင်လိုက်ရပြန်ပါသည်။

ထို့အပြင် ရည်းစားစကားပြောခံရတဲ့ ကိစ္စလည်း ဖြစ်သည်။

"ဘာလဲဟ။ ဒီမြေနိုးလေးက ဘယ်က ရောက်လာတာလဲ။ ယိလင်က အရမ်း ငယ်သေးတာကို။ ဒီကောင် ဘာလိုချင်လို့လဲ" ယွီရှိ ဖုန်းပွတ်ရင်း အံ့သြတကြီး ရေရွတ်လိုက်၏။

ကျိုက်ယွင်ရှန်းလည်း သူ့ဘေးမှာ ထိုင်နေသည်။ အစကတော့ ကွန်ပျူတာကီးဘုတ်ကို အားရပါးရ နှိပ်နေသော်လည်း ယွီရှိ၏ စကားကို ကြားသွားသောအခါ ချက်ချင်း ရပ်တန့်သွားရ၏။

"မင်းဘာပြောတာ"

"ဟိုဘက်အိမ်က ကလေးမ အကြောင်းကို ပြောတာ။ အကောင်တစ်ယောက်က ကျောင်းဂိတ်မှာ ပန်းတွေ၊ ပူပေါင်းတွေ ချိတ်ပြီး သူ့ကို ရည်းစားစကားပြောနေတာ။ စာတန်းတွေပါ ချိတ်ထားသေးတယ်!"

ယွီရှိ ပြန်ဖြေရင်းနဲ့ ဖုန်းကိုလည်း ဆက်တိုက် ကြည့်နေခဲ့ပါသည်။

နောက်ဆုံးဓာတ်ပုံကို ရောက်သောအခါ ရည်းစားစကားပြောတဲ့ ကောင်ရဲ့ ဓာတ်ပုံကို မြင်သွားသည်။

ထိုအကောင်က သူခိုးမျက်လုံးတွေနဲ့ အာဟာရ ချို့တဲ့နေတဲ့ ခန္ဓာကိုယ်မျိုးရှိပြီး လမ်းဘေး ကလေကချေတစ်ကောင် ပုံစံ ဖြစ်ပါသည်။

"ဘာလဲဟ"

ရုတ်တရက်ကြီး ယွီရှိ ဆိုဖာပေါ်မှ ထခုန်လိုက်မိသည်။

"ဘာကြီးလဲ။ ဒီအမှိုက်သရိုက်က ယိလင်ကို ရည်းစားစကားပြောရဲတယ်ပေါ့။ သေးပေါက်တုန်း ကိုယ့်မျက်နှာကိုယ် ပြန်မကြည့်ဘူးလား!" ယွီရှိက ရွံရှာစွာဖြင့် အော်ပြောလိုက်သည်။ သူတတ်သမျှ ဆဲနည်းပေါင်းစုံ ခေါင်းထဲမှာ ပွင့်ထွက်လာသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now