အခန်း(၃၅) မတော်တဆ တွေ့ဆုံမှု

1.5K 173 0
                                    

အခန်း(၃၅) မတော်တဆ တွေ့ဆုံမှု

ပန်းရှန် ဗီလာ နယ်မြေ၊ ဟန်းယွမ်မြို့ တုံချမ်းဒေသ။

ဒီနယ်မြေထဲမှာ အဆောက်အဦးကြီး ၂ ခုသာ ရှိသည်။ နှစ်ခုစလုံးက ဂန္တဝင် ဒီဇိုင်းများနဲ့ ခမ်းခမ်းနားနားရှိလှသည်။ အဆောက်အဦး တစ်လုံးက ယွီမိသားစုပိုင်ဖြစ်ပြီး နောက်တစ်လုံးကတော့ ကျမ့်မိသားစုပိုင်ဖြစ်သည်။

ထိုမိသားစု ၂ စုက ဟန်းယွမ်မြို့တော်မှာ အကြီးမားဆုံးနဲ့ အထင်ပေါ်ဆုံး မိသားစုများဖြစ်ကြပါသည်။ မိသားစု ၂ စုစလုံးမှာ ရှည်လျားလှသည့် သမိုင်းကြောင်းတွေ ရှိကြသည်။

လောလောဆယ်တော့ ထိုဗီလာကြီး ၂ လုံး အရှေ့ရှိ လမ်းမပေါ်တွင် အသေးစား ကားအက်ဆီးဒင့် တစ်ခုဖြစ်သွားခဲ့သည်။ တစ်စီးက နောက်တစ်စီး၏ ဖင်ကို ဝင်တိုက်မိခြင်းဖြစ်သည်။

ဘယ်သူမှ ဒဏ်ရာ မရပါ။ သို့သော်လည်း ရလဒ်အနေဖြင့် လမ်းတစ်လမ်းလုံး ပိတ်နေပါသည်။

ထို့ကြောင့် အိမ်ပြန်ဖို့ လုပ်နေသည့် အဘွားကျမ့်နဲ့ ကျမ့်ယိလင်လေးတို့ကိုပါ လမ်းပိတ်ထားသလို ဖြစ်နေသည်။

အိမ်ကိုရောက်ဖို့လည်း သိပ်မလိုတော့ပါ။ ထို့ကြောင့် အဘွားကျမ့် လမ်းဆင်းလျှောက်သွားဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

အက်စီးဒင့်ဖြစ်သည့်နေရာကို ကျမ့်ယိလင်လေး ဖြတ်သွားတော့ ကားတိုက်မှုက ပြိုင်ကား ၂ စီးအကြား ဖြစ်ခဲ့တာကို မြင်လိုက်ပါသည်။

အရှေ့က ပြိုင်ကားက အစိမ်းရောင်ဖြစ်ပြီး အနောက်က ပြိုင်ကားက အနီရောင်ဖြစ်သည်။

လောလောဆယ် အစိမ်းရောင် ပြိုင်ကား ဒရိုင်ဘာက ပြူတင်းပေါက်ကို မှီကာ ရပ်နေပါသည်။ သူ့ လှုပ်ရှားမှုများက လေးလေးပင်ပင်နဲ့ ပျင်းရိနေသလို။

ပထမအကြိမ် ကြည့်လိုက်သောအခါ ထိုလူ့မျက်နှာကို သူမ မမြင်ပါ။ ထိုလူက အရပ်ရှည်ပြီး ပိန်ပါးသည်ဟု ကျမ့်ယိလင် တွေးလိုက်မိပါသည်။

ထို့အပြင် အဝတ်အစားကိုလည်း သေချာဝတ်မထားပါ။ ကြယ်သီးတွေ အများကြီးကို ဖြုတ်ထားသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora