အခန်း(၁၃) ဇာတ်လိုက်မင်းသမီး မိုရှစ်ယွင်

1.7K 192 1
                                    

အခန်း(၁၃) ဇာတ်လိုက်မင်းသမီး မိုရှစ်ယွင်

မျက်စိတစ်မှိတ်အချိန််အတွင်း ကျမ့်ယိလင် ယူထားသည့် ၇ ရက်တာခွင့်မှ ၅ ရက် ကုန်ဆုံးသွားခဲ့ပါသည်။ ဒီရက်ပိုင်းတွေထဲ ကျမ့်ယိလင်လေးလည်း အလုပ်များခဲ့ရသည်။

နေ့စဉ် ချင်းချွမ်နဲ့ ဒုက္ခများရသည့်အပြင် လူတွေအများကြီးနဲ့ စကားပြောဆက်သွယ်ဖို့ ကွန်ပျူတာ၊ ဖုန်း၊ တခြားဆက်သွယ်ရေးကိရိယာများကို ကျမ့်ယိလင်အသုံးပြုခဲ့ရပါသေးသည်။

အခုချိန်မှာ ကျမ့်ယိလင်လေး လုပ်စရာ အလုပ် ၂ ခုရှိသည်။

တစ်ခုက ကျမ့်ယွင်နော်ရဲ့ လက်ကို ကုသပေးဖို့ဖြစ်၏။ ဒါမှ နောက်ပိုင်း သူစိတ်ဓာတ်ဆက်ကျမနေတော့မှာ ဖြစ်သည်။ မဟုတ်ပါက ကျမ့်ယွင်နော်မှာ သူမနဲ့ ကျမ့်မိသားစုတစ်စုလုံးကို ထိခိုက်လာနိုင်သည့် မတည်မမြဲ ပြဿနာတစ်ခုဖြစ်လာနိုင်သည်။

နောက်တစ်ခုကတော့ ပျောက်ကွယ်သွားသည့် လုံခြုံရေးမှတ်တမ်းကို ပြန်ရှာဖို့ဖြစ်သည်။ ဒီ ၂ ရက်အတွင်း မတော်တဆမှုဖြစ်ခဲ့သည့် နယ်မြေကို ကျမ့်ယိလင် စုံစမ်းနေခဲ့သည်။ ကျမ့်ယွင်နော် မတော်တဆ ဖြစ်ခဲ့သည့် နယ်မြေတွင် လုံခြုံရေးကင်မရာရှိမှန်း သူမ သိသည်။ သို့သော်လည်း လုံခြုံရေးမှတ်တမ်းအားလုံး ခြေရာလက်ရာမကျန် ပျောက်သွားခဲ့ပါသည်။

ကျမ့်မိသားစုထဲက ဘယ်သူမှ ဒါကို သတိမထားမိကြပါ။ မတော်တဆဖြစ်ခဲ့တုန်းက ကော်ရစ်ဒါကို စောင့်ကြည့်နေသည့် လုံခြုံရေးကင်မရာတစ်လုံးရှိတာကို သူတို့ မသိခဲ့ကြပါ။ သူတို့အတွက်တော့ ကျမ့်ယွင်နော်ရဲ့ ထွက်ဆိုချက်က လုံလောက်နေပါပြီ။

မူလဝတ္ထုထဲက ကျမ့်ယိလင်လည်း လုံခြုံရေးတိပ်မှတ်တမ်းအကြောင်း မသိခဲ့ပေ။ သူမ မိသားစုကို အကြိမ်ပေါင်းများစွာ ရှင်းပြပြီးပြီဖြစ်သဖြင့် ထပ်ပြီး မရှင်းပြချင်တော့ပါ။

တကယ်တော့ သူမ ပုန်ကန်တတ်လာသည်။ သူမ မိသားစုကို အော်ဟစ်ကာ ဒီလိုပြောခဲ့၏။

"ဟုတ်တယ် သမီးလုပ်တာ! သမီးတွန်းချပစ်လိုက်တာ! အခု သမီးကို အိမ်ထဲပိတ်ထားလို့ ရပြီမလား! ဒါမှ မဟုတ် သမီးလက်ကိုပဲ ဖြတ်ပစ်လိုက်ပြီး သူ့ကို ပေးလိုက်ပါတော့လား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now