အခန်း(၅၆) FPS ဂိမ်း

1.3K 152 1
                                    

အခန်း(၅၆) FPS ဂိမ်း

"ဒီနေ့ ခဏလောက် ဂိမ်းကစားကြည့်ရအောင်။ ပုံမှန်ဆို နင်ဘယ်လို ဂိမ်းမျိုးတွေ ကစားတတ်လဲ" ချင်းချွမ် ရုတ်တရက် မေးလိုက်ပါသည်။

ကျမ့်ယိလင်က ခေါင်းမော့ကာ ချင်းချွမ်ကို ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်ပါသည်။

"အရင်က အလှပြင်တဲ့ ဂိမ်းလေးတွေ၊ ဗျူဟာချရတဲ့ ဂိမ်းလေးတွေ မကစားဖူးဘူးလား"

ချင်းချွမ်က ဂိမ်း/အင်တာနက် လုပ်ငန်း လောကမှာ အလုပ်လုပ်တာ ဖြစ်သဖြင့် စျေးကွက် ရေပန်းစားမှုများအကြောင်း အနည်းငယ် သိပါသည်။ မိန်းကလေးငယ်လေးတွေ သဘောကျတတ်သည့် ဂိမ်းမျိုးတွေကို သူသိပါသည်။

နောက်တစ်ဖန် ကျမ့်ယိလင်လေး ခေါင်းခါလိုက်၏။

သူပြောနေတာတွေကို ကျမ့်ယိလင် စိတ်တောင် ဝင်စားတဲ့ပုံမပေါ်ပါ။

ချင်းချွမ် လက်ပ်တော့ကို ဖွင့်လိုက်၏။ ကျမ့်ယိလင်ကို သူမ ကစားချင်တဲ့ ဂိမ်းရွေးခိုင်းလိုက်ပါသည်။

ချင်းချွမ်ရဲ့ လက်ပ်တော့ပေါ်မှာ ဂိမ်းပေါင်းစုံရှိပါသည်။ ဂိမ်းကစားချင်လို့ ဒေါင်းလုတ်ဆွဲထားတာ မဟုတ်ဘဲ စျေးကွက်အကြောင်း ပိုနားလည်လာစေဖို့ ဒေါင်းလုတ်ဆွဲထားတာ ဖြစ်ပါသည်။

"ဘာလို့ ဂိမ်းကစားမှာလဲ" ကျမ့်ယိလင်က ချင်းချွမ်ကို မေးလိုက်သည်။

"နင့်ဘွားဘွားက နင့်ကို အပန်းဖြေတဲ့အချိန် ပိုရှိစေချင်လို့တဲ့။ စာသင်ဖို့အတွက်ပဲ အရမ်း ဖိအားပေးနေတာမျိုး မဖြစ်စေချင်ဘူး"။ ချင်းချွမ် ပြန်ပြောလိုက်၏။ သူမကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါ။

ကျမ့်ယိလင် ခေတ္တ ရပ်တန့်သွားပြီး ချင်းချွမ်ရဲ့ Desktop ကို လှည့်ကြည့်လိုက်ပါသည်။

"ဒီတစ်ခု" ကျမ့်ယိလင်က 'ဇာ့ဂ် ကျူးကျော်မှု' ဟူသည့် ဂိမ်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်ပါသည်။

ထိုဂိမ်းက မကြာသေးခင်ကမှ ရေပန်းစားလာခဲ့သည့် FPS ဂိမ်းတစ်ခုဖြစ်သည်။

ကျမ့်ယွင်ချန်းရဲ့ နိုင်ငံခြား ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့် ကျမ့်ယိလင် သိနေခြင်း ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now