အခန်း(၄၁) ဒီလူ သူ့ညီမလေးကို ချဉ်းကပ်ချင်နေတာလား

1.6K 179 1
                                    

အခန်း(၄၁) ဒီလူ သူ့ညီမလေးကို ချဉ်းကပ်ချင်နေတာလား

ဟဲယန်က သူမ ဘေးက လူငယ်လေးကို အကဲခတ်နေသည်။ သူ့မှာ သာမန်ထက် ထူးကဲတဲ့ ရုပ်ရည်ရူပကာ ရှိသည်။ သူမ တစ်နာရီကို မိုင် ၁၀၀ လောက် နှလုံးခုန် မြန်ဆန်နေပါသည်။

ယခု အခိုက်အတန့်မှာ ဟဲယန်ရဲ့ စိတ်က ဘာစကားပြောရမလဲဆိုတာကိုသာ စဉ်းစားနေသည်။

ညီမဖြစ်သူကို မုဆိုးလို မျက်လုံးတွေနဲ့ ဒီလူ ဆက်တိုက်ကြည့်နေသဖြင့် ကျမ့်ယုကျဲလည်း အတော်လေး အနေခက်လာသည်။

အထူးသဖြင့် ဒီလူက နာမည်ဆိုးဖြင့် ကျော်ကြားသော လူရှုပ်လူပွေ ဖြစ်နေတာကြောင့် ဖြစ်ပါသည်။ ကျမ့်ယုကျဲ မသိစိတ်ထဲမှ ဒီလူ့ကို သူ့ညီမလေးအနား မကပ်စေချင်တော့ပေ။

ကျမ့်ယိလင်လေးက လက်ဘက်ရည်ခွက်ကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ထားသည်။ လက်ဘက်ရည်ကို ဂရုတစိုက် သောက်နေသည်။ ကျိုက်ယွင်ရှန်း လာထိုင်ကတည်းက ကျမ့်ယိလင် စဉ်းစားနေတာ တစ်ခုသာ ရှိသည်။

ထိုနေ့ဆေးရုံမှာ သူမ အစားအသောက်တွေ ဖြုန်းတိမိခဲ့သည် ဆိုတာပင်။

ထိုအချိန်တုန်းက သူ့ဗိုက်တွေ အသံပေါင်းစုံ ထွက်နေတာကို ကြားခဲ့ရသဖြင့် ထိုလူ ငတ််နေသည်ဟု ထင်ခဲ့မိသည်။

သို့သော်လည်း ထိုလူက ကျိုက်ယွင်ရှန်း ဖြစ်နေကာ အစားအသောက် ခေါင်းပါးသူ ကျိန်းသေ မဟုတ်ပါ။

ကျိုက်ယွင်ရှန်း၏ အကြည့်က ကျမ့်ယိလင်အပေါ် အကြာကြီး ဆက်မကျရောက်နိုင်တော့ပေ။ အဘိုးကျမ့် သူ့ကို စကားစပြောတာနဲ့ တခြားတစ်နေရာရာကို အကြည့်လွှဲလိုက်ပါသည်။

အဘိုးကျမ့်နဲ့ ကျိုက်ယွင်ရှန်းတို့ စီးပွားရေး ကိစ္စတွေအကြောင်း ပြောနေကြစဉ် ဘယ်သူမှ ဝင်မရှုပ်ကြပါ။

ယွီရှိတောင် တိုးတိုးတိတ်တိတ် ထိုင်နေပြီး လက်ဘက်ရည် အေးဆေး သောက်နေပါသည်။ စီးပွားရေး ကိစ္စတွေနဲ့ ပတ်သတ်လာသည့်အခါ သူက ဆရာရှန်းနဲ့ အဘိုးကျမ့်တို့ထက် အများကြီး အတွေ့အကြုံနည်းသည်။

ကျိုက်ယွင်ရှန်းနဲ့ အဘိုးကျမ့်တို့က ကိစ္စ တချို့အပေါ် သူတို့ရဲ့ အထင်အမြင်တွေအကြောင်း ဆက်လက် ဆွေးနွေးနေ၏။ အကြောင်းအရာပေါင်းစုံတွင် ထူးခြားသည့် အမြင်များ ရှိနေကြပုံ ပေါ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin