အခန်း(၃၃) ကျမ့်ယိလင်ကို အိမ်တော်ဟောင်းဆီ ပြန်ပို့ခြင်း

1.6K 170 1
                                    

အခန်း(၃၃) ကျမ့်ယိလင်ကို အိမ်တော်ဟောင်းဆီ ပြန်ပို့ခြင်း

သခင်ကြီးကျိုက် ဒီလိုတွေးမပေးဖို့ကလည်း ခက်သည်။ ကျိုက်ယွင်ရှန်းပုံစံက အတော် ကျန်းမာသည့်ပုံပေါက်သော်လည်း တကယ်တမ်းက နာမကျန်းသူတစ်ယောက် ဖြစ်ပါသည်။ သူသာ သတိမထားပါက အလွယ်တကူ သေသွားနိုင်သည်။

သူက ကျိုက်မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည်။ သူသာ သေသွားလျှင် ကျိုက်မိသားစု၏ အမွေအနှစ်ကို ဆက်ခံဖို့ ဘယ်သူမှ ရှိမှာ မဟုတ်တော့ပါ။

သို့သော်လည်း မိန်းမကိစ္စကလွဲလို့ ဆရာရှန်းက ကျန်တဲ့ကိစ္စတွေ အကုန်လုံး ပွေရှုပ်သည်။

ထိုကိစ္စမှာတော့ စက္ကူဖြူတစ်ရွက်လို ဖြူစင်နေဆဲ ဖြစ်၏။

အရွယ်ရောက်လာသည့်အခါမှာလည်း ဆရာရှန်းက မိန်းမအသည်းအသန်လိုချင်လောက်သည့်အထိ အသက်မကြီးသေးပါ။

သူရည်းစားမထားသေးတာ မထူးဆန်းပေ။ ယွီရှိကိုယ်တိုင်လည်း ရည်းစား မထားရသေးပါ။

သို့သော်လည်း ဆရာရှန််း၏ အခြေအနေက ထူးခြားပါသည်။

သူ မြို့တော်မှာ ရှိနေစဉ်တုန်းက ဆရာရှန်းနဲ့ မိန်းကလေးတချို့ကို မိတ်ဆက်ပေးဖို့ ကျိုက်မိသားစု ကြိုးစားခဲ့ပါသေးသည်။ ဆရာရှန်းကို ဒီကိစ္စတွေမှာ စိတ်ဝင်စားလာအောင် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြ၏။

သို့သော်လည်း ဆရာရှန်းကတော့ ဂရုမစိုက်ပေ။

ဆရာရှန်း ကောင်မလေးတစ်ယောက်ကို သဘောကျပြီဆိုတာနဲ့ ဘယ်အသိုင်းအဝိုင်းကဖြစ်ဖြစ် အရေးမကြီးဘူးဟုပင် သခင်ကြီးကျိုက်က ပြောခဲ့ပါသေးသည်။ မိသားစုကောင်းတစ်ခုကဖြစ်ကာ ဂုဏ်သိက္ခာရှိရှိ နေထိုင်တတ်လျှင် ကျန်တာအားလုံး အဆင်ပြေပါသည်။

"မင်းကြည့်လုပ်လိုက်" ကျိုက်ယွင်ရှန်းက ယွီရှိကို ကြည့်ကာ ပြောလိုက်၏။

ယွီရှိ စိတ်အနှောင့်အယှက်ဖြစ်သွားသည့် မျက်နှာထားမျိုး ပေါ်လာခဲ့သည်။ ဒီစကားက မိန်းကလေးတွေနဲ့တွေ့ဖို့ ကြည့်လုပ်ခိုင်းတာ မဟုတ်ဘဲ သခင်ကြီးကျိုက်ကိစ္စကို ကြည့်လုပ်ခိုင်းတာဖြစ်မှန်း သူသိပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now