အခန်း(၃၁) ဆရာရှန်းကို ချွေ့လီယောင်တွေ့ချင်တယ်

1.6K 164 2
                                    

အခန်း(၃၁) ဆရာရှန်းကို ချွေ့လီယောင်တွေ့ချင်တယ်

ချွေ့ယီကျန်း အသက်ဝဝရှူလိုက်ပြီး သူ့မအဖေရဲ့ စကားများကို ပြန်တွေးကာ ကိုယ့်စိတ်ကိုယ်ကို လျှော့ချလိုက်ပါသည်။

"ကျမ့်ယိလင် နင်ဘာလိုချင်လို့လဲ!" ချွေ့ယီကျန်း သူမဒေါသကို ဖိနှိပ်ဖို့ အစွမ်းကုန် ကြိုးစားနေသည်။ သူမ စိတ်လိုက်မာန်ပါ မလုပ်မိအောင် အသည်းအသန် ကြိုးစားနေရ၏။

"နင်နဲ့ငါနဲ့ အဆင်ပြေပြေနေနိုင်ဖို့။ အဲ့လို နေနိုင်မယ်ဆိုရင် မူရင်းဗီဒီယိုကို မတင်ဘူး" ကျမ့်ယိလင် ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်ပါသည်။

"နင်ငါ့ကို ခြိမ်းခြောက်နေတာလား!" ဘယ်တုန်းက ချွေ့ယီကျန်း ဒီလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်ခံခဲ့ရဖူးလို့လဲ။

ကျမ့်ယိလင်က ချွေ့ယီကျန်းကို ကြည့်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

ချွေ့ယီကျန်းမှာ ရွေးချယ်ပိုင်ခွင့် ရှိ၏။ သူမ ကျမ့်ယိလင်ရဲ့ ခြိမ်းခြောက်မှုကို နားမထောင်ဖို့ ရွေးချယ်နိုင်ပြီး ပြဿနာ ဆက်ရှာနိုင်သည်။

ဒါမှမဟုတ် သူမအလုပ်သူမလုပ်ပြီး ကျမ့်ယိလင်ကို ဆက်မနှောင့်ယှက်ဖို့ ရွေးချယ်နိုင်သည်။

ချွေ့ယီကျန်း၏ မျက်နှာပေါ်က အကြောတွေ ထောင်လာသည်။ အချိန်မရွေး ကျမ့်ယိလင်ကို ချွေ့ယီကျန်း ပြေးရိုက်တော့မည်ဟု ဘေးက ရပ်ကြည့်နေသူတွေတောင် ခံစားမိပါသည်။

ကျမ့်ယိလင်ရဲ့ ခန္ဓာကိုယ်သေးသေးလေးက ချွေ့ယီကျန်း လက်သီး ၂ ချက်စာထက် ပိုပြီး မခံနိုင်လောက်ပါ။

အားလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ ချွေ့ယီကျန်း ကျမ့်ယိလင်ကို ပြန်ပြောလိုက်ပါတော့သည်။ "ဟုတ်ပြီ! ရတယ်! ဒီတစ်ခေါက်တော့ နင်နိုင်သွားပြီ!"

မျက်နှာမဖျက်ထားဘဲ ကျမ့်ယိလင် ဗီဒီယိုကို တင်လိုက်သည့်အခါ ဖြစ်လာမည့် အကျိုးဆက်များကို ချွေ့ယီကျန်း ခံနိုင်ရည် ရှိမှာ မဟုတ်ပါ။

ချွေ့ယီကျန်းထံမှ ကြားချင်နေသည့် အဖြေကို ကြားလိုက်ရသည့်အခါ ကျမ့်ယိလင် ခေါင်းသာ ငြိမ့်ပြလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu