အခန်း(၄၀) ဆရာရှန်းလာလည်ခြင်း

1.5K 185 6
                                    

အခန်း(၄၀) ဆရာရှန်းလာလည်ခြင်း

ဟဲယန် အံကြိတ်လိုက်မိသည်။ အဘွားကျမ့် ပြောတော့ လွယ်တာပေါ့။ မိသားစုအမွေအနှစ် ဆက်ခံဖို့အတွက် ကျမ့်ရှုရှင်းနဲ့ ကျမ့်ရှုဖန်းတို့ရဲ့သားတွေကို သူမ အားကိုးလို့ ရတာပဲ။

သို့သော်လည်း သူမအတွက်ကကော။ အနာဂတ်ကျရင် စားဖို့သောက်ဖို့ သူမ တူတွေကို အားကိုးရမှာလား။

ဟဲယန်က ရင်ထဲက မကျေနပ်ချက်များကို ဖိသိပ်လိုက်ပြီး ဆက်ပြုံးနေလိုက်ပါသည်။ သူမ ပြောလိုက်၏။ "ဒီကိစ္စ နောက်မှ စဉ်းစားကြတာပေါ့။ ယုကျဲကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးတဲ့အထိ စောင့်ကြရအောင်"

ကျမ့်ယုကျဲရဲ့ မျက်နှာပေါ်က အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့အစား ဟန်မဆောင်နိုင်သည့် စိတ်ပျက် အားလျော့မှုတစ်ခုသာ ပေါ်လာခဲ့သည်။

သို့သော်လည်း ခပ်မြန်မြန်ပဲ ပြန်ကောင်းသွားသည်။ ကျမ့်ယုကျဲက စိတ်ဓာတ် ခိုင်မာသူတစ်ယောက် ဖြစ်သည်။ မဟုတ်ပါက သူ့အမေဖြစ်စေချင်တာကို လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက လိုက်လျောခဲ့ပြီးလောက်ပါပြီ။ ဒီအရာတွေအပေါ် သူ့အမေရဲ့ သဘောထားက တင်းမာပြီး အရှုံးမပေးမည့် ပုံစံပင်။

ထိုအခိုက်အတန့်တွင် ကျမ့်မိသားစုဆီ ထင်မထားသည့် ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါသည်။ ကျိုက်ယွင်ရှန်း။

သူ့လာရောက်မှုကြောင့် အဘိုးကျမ့် အံ့အားသင့် ဇဝေဇဝါဖြစ်သွားခဲ့သည်။

ဟိုဘက်အိမ်က ယွီမိသားစုထံမှာ ကျိုက်ယွင်ရှန်း တည်းခိုနေတာကို သူသိပြီးခဲ့တာ ကြာပါပြီ။ သို့သော်လည်း သူလာလည်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့ မိသားစု ၂ စုက မရင်းနှီးပါ။ ထို့အပြင် သူ့အဆင့်အတန်းအရဆို ကျိုက်ယွင်ရှန်း သူ့ဆီလာလည်စရာ အကြောင်း မရှိပေ။

ဒီရက်ပိုင်းတွေထဲမှာ ကျိုက်ယွင်ရှန်းနဲ့ တွေ့ချင်နေတဲ့လူတွေ အများကြီး ရှိပါသည်။ အများစုကို ယွီစစ်မြောင်က ငြင်းဆန်ခဲ့ရ၏။

အဘိုးကျမ့်ကတော့ ကျိုက်ယွင်ရှန်းဆီ သွားတွေ့ဖို့ မစဉ်းစားဖူးပါ။ ကျိုက်မိသားစု သို့မဟုတ် ထျန်ရှင်း အုပ်စုနဲ့ ဆက်ဆံရေးတစ်ခုကို အတင်းအကြပ် မတည်ဆောက်ချင်ပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now