အခန်း(၂၃) ယုန်ယောင်ဆောင်သော ဝံပုလွေ

1.6K 180 0
                                    

အခန်း(၂၃) ယုန်ယောင်ဆောင်သော ဝံပုလွေ

ကျမ့်ယိလင်အတွက် ချင်းချွမ်နဲ့ စာသင်ချိန် တစ်ချိန်တွေ့ရဖို့ထက် စာသင်ခန်းထဲမှာ ရှိနေရတာ ပိုပြီးလွယ်ကူပါသည်။

သူမလုပ်စရာရှိတာ လုပ်ဖို့ အချိန်တွေ အများကြီး ပိုရတာကြောင့်ဖြစ်သည်။

ဆရာဆရာမတွေက သူမကို အထင်မကြီးသဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေကြမှာ မဟုတ်ပါ။ ချင်းချွမ်ဆီကနေ ဖုံးကွယ်ရတာထက် အများကြီး ပိုလွယ်ကူပါသည်။

တစ်နေကုန် ကျမ့်ယိလင် ထိုင်ခုံမှ မထခဲ့ပေ။ အနားယူချိန်မှာတောင် အလုပ်ရှုပ်နေခဲ့သည်။

အတန်းထဲကလူတွေ အားလုံးက သူမကို ထူးထူးဆန်းဆန်း မျက်လုံးများနဲ့ မကြာခဏ ကြည့်သွားကြသည်။ သို့သော်လည်း ဘယ်သူမှ ဘာမှ မလုပ်ရဲဘဲ ပြဿနာလည်း မရှာရဲပါ။

ထိုအချိန်တွင် ကျောင်း Forum ပေါ်မှာ နောက်ထပ် ရေပန်းစား ပို့စ်တစ်ခု တက်လာပြန်သည်။

ခေါင်းစဉ်: [ကျမ့်ယိလင် Campus ကို ပြန်လာပြီ။ သူ့ရဲ့ /နောက်လိုက်/မိသားစု အထောက်အပံ့ ဘယ်လောက်တောင် ကြမ်းလဲ ဆွေးနွေးကြပါဦး]

မူရင်း ပို့စ်ပိုင်ရှင်က ဒီနေ့ ကျမ့်ယိလင် ကျောင်းပြန်လာပြီဟု ရေးသားထားသည်။ ရှုထောင့်တစ်ခုမှ ခိုးရိုက်ထားသည့် ကျမ့်ယိလင်၏ ဓာတ်ပုံတစ်ပုံပါ တွဲတင်ထားသေးသည်။

ဓာတ်ပုံထဲတွင် ကျမ့်ယိလင်၏ အဝတ်အစားက အလွန်ရိုးရှင်းနေပါသည်။ အဖြူရောင် ရှပ်အင်္ကျီ၊ အနက်ရောင် ဘောင်းဘီတို့ကို တခြား အပိုအလှဆင်မထားဘဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထား၏။

သူမ ဆံပင်ကို ကျောနောက်မှာ စုစည်းထားကာ သပ်သပ်ရပ်ရပ် ရှိလှပါသည်။

[ရွံဖို့ကောင်းချက်။ အဲ့လိုဝတ်စားပြီး အပြစ်မရှိယောင် ဆောင်နေတာ ကြည့်ပါဦး!]

[ဟုတ်ပကွာ! သူ့မှာ ဝံပုလွေတစ်ကောင်လို နှလုံးသားမျိုးရှိတာ။ ဒါတောင် ယုန်ကလေးလို ဟန်ဆောင်နေသေးတယ်!(အော့အန် အီမိုဂျီ)]

[ကျောင်းက ဘာတွေတွေးနေသလဲ မသိတော့ဘူး။ အကြမ်းဖက် စိတ်ဓာတ်မျိုးနဲ့ ကျောင်းသူတစ်ယောက်ကို ဘာလို့ ကျောင်းပြန်တက်ခွင့်ပေးတာလဲ။ နောက်ထပ် ယုတ်မာတာ ထပ်လုပ်မှာကို မကြောက်ကြဘူးလား(ဒေါသထွက် အီမိုဂျီ)]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now