အခန််း(၉၆) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၃)

680 89 0
                                    

အခန််း(၉၆) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၃)

"ကောင်လေး နင့်ညီမ ဘယ်သူနဲ့ သူငယ်ချင်းလုပ်လဲဆိုတာကို ဘာလို့ အဲ့လောက် စိတ်ဝင်စားနေတာလဲ။ ငါ့ကို အဖော်လာလုပ်ပေးတာလို့ ခုနလေးတင် ပြောထားတာ မဟုတ်ဘူးလား။ အဲ့တာ လိမ်တာလား" အဘွားကျမ့်က မေးလိုက်သည်။ ကျမ့်ယုကျဲကို တမင် စနောက်နေခြင်း ဖြစ်ပါသည်။

ကျမ့်ယုကျဲ ရပ်တန့်သွား၏။ စက္ကန့်ပိုင်းလောက် လေလျော့သွားသည့် ပူပေါင်း တစ်လုံးလို ဖြစ်သွားသည်။ မေးခွန်းအားလုံးကို ပြန်မျိုသိပ်ပြီး ငြိမ်ငြိမ် ထိုင်နေလိုက်ရပါတော့သည်။

သူ့အဘွားကို အဖော်လာပြုပေးသည်ဟု သူမပြောခဲ့မိပါ... သူယိလင်လေးကို တွေ့ချင်ရုံသာ...

ယိလင်လေးက သူ့အတွက်ဆွယ်တာ တစ်ထည်တောင် ထိုးပေးထားသေးသည်။ သူမကို ကိုယ်တိုင် ကျေးဇူးတင်စကား ပြောခွင့် မရသေးပေ။

နောက်ဆုံးတော့ ကျမ့်ရှုရှင်း မနေနိုင်ဘဲ ဝင်ပြောလိုက်ပါသည်။ "အမေ။ ယိလင်လေး ဘယ်မှာလဲ။ သူဒီမှာနေတာ ကြာပြီနော်။ သူ နေသားကျပြီလား။ ကျွန်တော်တို့ ဒီနေ့ သူ့ကို လာတွေ့တာပါ"

ကျမ့်ရှုရှင်းနဲ့ အားလုံး ကျမ့်ယွင်နော်ကို ဖြောင်းဖြေဖို့ အတော်ကြိုးစားခဲ့မှန်း သိသာသည်။ ကျမ့်ယိလင်အကြောင်းပြောသောအခါ ကျမ့်ယွင်နော် ဒေါသထွက်မလာသလို ရွံလည်း ရွံရှာ မလာပေ။

'ဒီလောက်ဆိုရင် အခြေအနေတိုးတက်လာပြီလို့ သတ်မှတ်လို့ ရတယ်မလား' အဘွားကျမ့် တွေးလိုက်ပါသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ သူတည်ငြိမ်နေရခြင်းမှာ ဖြောင်းဖြချက်တွေက တစ်စိတ်တစ်ပိုင်းပါဝင်သော်လည်း အဓိက အားဖြင့် သူ့လက်ကို ခွဲစိတ်ကုသပေးမည့် ဆရာဝန် ရှာတွေ့သွားတာကြောင့် ဖြစ်သည်။

အဘွားကျမ့် ထပ်ပြီး ဖြည်းညှင်းစွာ ပြန်ပြောလိုက်ပါသည်။ "သူနေသားကျနေပါပြီ။ ငါလည်း ကလေးတွေကို ထိန်းကျောင်းတတ်ပါတယ်အေ။ ငါ့ကို သံသယဝင်နေရင် နင့်ကိုယ်နင်နဲ့ နင့်ညီအစ်ကိုတွေကို ကြည့်လိုက်လေ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now