အခန်း(၆၄) လက်ဆောင်(၁)

1.5K 146 1
                                    

အခန်း(၆၄) လက်ဆောင်(၁)

ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ သတင်းဆိုးတွေအကြောင်း အပြင်လူတွေကို ထုတ်ပြောရလောက်သည့်အထိ ဒါရိုက်တာကြီးက မတုံးသေးပါ။ သို့သော်လည်း ကျမ့်ယိလင်ရဲ့ နာမည်ပျက်မှာဆိုးလို့မဟုတ်ဘဲ သူမျက်နှာပျက်မှာကြောက်လို့ ဖြစ်ပါသည်။

အမှတ်တွေ သိပ်မကောင်းဘူး ဟုတ်လား။

နေ့လည်ခင်းတုန်းက တုန်လှုပ်စရာ အတွေ့အကြုံအကြောင်း ချန်းယွီ ပြန်တွေးလိုက်မိသည်။

ဒါတောင် ကျမ့်ယိလင်လေးရဲ့ အမှတ်က မကောင်းဘူးလို့ ဒါရိုက်တာက ပြောတယ်ပေါ့။

ဆိုလိုတာက ရှန်းဟွာအထက်တန်းကျောင်းမှာ (-10) တစ်ယောက်ထက်ပိုရှိတယ်ဆိုတဲ့ သဘောလား။

မျိုးရိုးနာမည် ကျမ့်ဆိုတာ သိပ်ပြီးမပေါများပါ။ သို့သော်လည်း ယိလင်ဆိုသည့်နာမည်ကလည်း မပေါများပြန်ပါ။

ချန်းယွီရဲ့မျက်နှာက အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ ဒါရိုက်တာကြီးအား အခြေအနေကို ဆက်ပြီး မေးမြန်းကြည့်လိုက်ပါသည်။ "သြော် အမှတ်တွေ သိပ်မကောင်းဘူးဟုတ်လား။ သူ့အမှတ်တွေက တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာမျိုးလား"

"ဟုတ်တယ်လေ။ တစ်နှစ်လုံးနီးပါး သူဘိတ်ချေးပဲ! အရင်လက ကျတဲ့ ဘာသာတွေလည်း အများကြီးရှိတယ်! ဟူး" ဒါရိုက်တာကြီးက သက်ပြင်းချလိုက်ပါသည်။ သူ့မျက်နှာပေါ်မှာ ဒေါသနဲ့ စိတ်မရှည်မှုတွေ ပေါ်လွင်နေပါသည်။

ချန်းယွီ မျက်မှောင်ကြုတ်လိုက်၏။ "ဒါရိုက်တာကြီးက ဒီကျောင်းသူရဲ့ အဆင့်တွေအတွက် စိတ်ပူနေတဲ့ ပုံပဲနော်"

ယေဘုယျအားဖြင့် ကျမ့်ယိလင်ရဲ့ ဆရာတစ်ယောက်က သူမအဆင့်တွေကို ဒီလိုမကျေနပ်တာမျိုးက အဓိပ္ပာယ်ရှိပါသည်။

သို့သော်လည်း ဒါရိုက်တာကြီးက ကျောင်းတစ်ကျောင်းလုံးကို အုပ်ချုပ်ရ၏။ ကျောင်းသားတွေရဲ့ ပညာရေးအခြေအနေကို စောင့်ကြည့်ဖို့အတွက်ပဲ မဟုတ်ပါ။

ကျမ့်ယိလင်ရဲ့ အဆင့်တွေက နိမ့်တယ်ဆိုရင်တောင် ဒီလောက်ကြီးတော့ ပူပန်နေစရာ မလိုဘူး မဟုတ်လား။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now