အခန်း(၇၀) အစ်ကိုကြီးရဲ့ စုံစမ်းစစ်ဆေးမှု

1K 118 0
                                    

အခန်း(၇၀) အစ်ကိုကြီးရဲ့ စုံစမ်းစစ်ဆေးမှု

အဘိုးကျမ့်တို့ အိမ်ကနေ ကျမ့်ယွင်ချန်း ပြန်လာတာနဲ့ ဟုံပိုင်ကျန်းကို ဖုန်းဆက်လိုက်သည်။ ဟုံပိုင်ကျန်းက ထုံတျဲကိုယ်ပိုင်ဆေးရုံကြီးရဲ့ ဒါရိုက်တာဖြစ်သည်။

ဟုံပိုင်ကျန်းက ဒါရိုက်တာလည်းဖြစ် ကျမ့်ယွင်နော်ကို တာဝန်ယူထားသည့် ဆရာဝန်လည်း ဖြစ်သည်။

ဖုန်းဝင်သွားတာနဲ့ ကျမ့်ယွင်ချန်းက လိုရင်း ပြောလိုက်သည်။ "ကျွန်တော် ဆွေးနွေးစရာ ရှိလို့ပါ။ အခု ခင်ဗျားရှိတဲ့ လိပ်စာ ပေးပါ"

ဟုံပိုင်ကျန်းအံ့အားသင့်သွားရသည်။ "သခင်လေး။ ည ၁၀ နာရီတောင် ခွဲနေပြီ! ကျုပ်အခု အလုပ်ဆင်းပြီဗျ!"

"အဲ့တာကြောင့် အခု ခင်ဗျားရှိတဲ့ လိပ်စာ တောင်းနေတာပေါ့"

သူဆေးရုံမှာသာ ရှိရင် ကျမ့်ယွင်ချန်း သူ့ကို တိုက်ရိုက်သွားတွေ့နေပါပြီ။

"မဖြစ်ဘူး မဖြစ်ဘူး သခင်လေး။ ကျုပ်က အသက် ၅၀ ပြည့်‌ေတာ့မယ်။ ခင်ဗျားတို့လို နောက်ကျတဲ့ထိ နေလို့မရဘူး။ အခြေအနေ ထူးထူးခြားခြား မရှိရင် အခုချိန် ကျုပ်အိပ်ရတော့မှာ!"

"အင်း အခုက အထူးအခြေအနေပဲ"

"..."

ဖုန်းတဖက်ရှိ ဟုံပိုင်ကျန်းတစ်ယောက် အိပ်ခါနီးဆဲဆဲ ဖြစ်သည်။ ကျမ့်ယွင်ချန်း ပြောတာကို ကြားသောအခါ ငိုချင်သွားပါသည်။ သို့သော် မျက်ရည် ထွက်မလာပေ။

နာရီဝက်လောက်ကြာသောအခါ ဟုံပိုင်ကျန်း၏ အိမ်၌...

အသက် ၅၀ အရွယ် ဟုံပိုင်ကျန်း အိပ်ယာထဲက ထွက်လာခဲ့သည်။ ညအိပ် အဝတ်အစားတွေကိုတောင် မလဲရသေးပါ။

ဟုံပိုင်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ကျမ့်ယွင်ချန်းကို နှုတ်ဆက်လိုက်ပါသည်။ သူ့ကို လက်ဘက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် မှိုင်းပျပျ အသံနဲ့ ပြောလိုက်သည်။ "ခင်ဗျားမေးစရာရှိရင် မြန်မြန်မေးပါဗျာ။ ကျွန်တော် ပြန်အိပ်ရဦးမယ်။ မနက်ဖြန်လည်း အလုပ် ရှိသေးတယ်"

"ကျွန်တော့် ညီလေးရဲ့ အခြေအနေအကြောင်း မေးချင်လို့ပါ"

"မင်း..."

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now