အခန်း(၃၇) ဟဲယန်ရဲ့ အကြံအစည်

1.5K 164 0
                                    

အခန်း(၃၇) ဟဲယန်ရဲ့ အကြံအစည်

သူမ ဘာမှတောင် မလုပ်ရသေးဘဲ အဘွားကျမ့် သူမကို ဒီလိုပြောရခြင်းက သိသိသာသာကြီး သူမအပေါ် မျက်မုန်းကျိုးနေခြင်းကြောင့်သာ ဖြစ်သည်။

သူမက ဝမ်းနွမ်လို့ မိသားစုကောင်းကောင်းမှ လာခဲ့သူမဟုတ်မှန်း ဟဲယန် ကိုယ့်ကိုယ်ကို သိပါသည်။ ရလဒ်အနေဖြင့် သူမယောက္ခမက သူမကို သူတို့လောက် မချစ်ပါ။ သို့သော်လည်း သူမ ယောက္ခမ သူမကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း စကားတွေတော့ ပြောလို့မရပေ။

အဘွားကျမ့်က ရှင်းပြဖို့ ကြိုးစားလိုက်၏။။ "ယိလင်လေးက ခုတလော သူ့စာမေးပွဲနဲ့ ပတ်သတ်ပြီး စိတ်ဖိစီး ပူပင်နေတာ။ သူနဲ့ မကစားခင် သူစိတ်အခြေအနေကောင်းတဲ့ အချိန်အထိ စောင့်သင့်တယ် ထင်တယ်"

ဟဲယန်က တောင်းတောင်းပန်ပန် ဆက်ပြုံးနေလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "အမေ သမီးသိပါတယ်။ ပြီးတော့ စာမေးပွဲနဲ့ ပတ်သတ်ပြီးတော့လည်း အရမ်းကြီး စိတ်ပူမနေပါနဲ့ ယိလင်လေး။ အဆင့်ကောင်းကောင်း မရမှာကို စိုးရိမ်ပြီး ကိုယ့်ကိုယ်ကို စိတ်ဖိအား အရမ်းမပေးနဲ့။ အဆင့်ကောင်းကောင်း ရဖို့က စိတ်ဖိစီးမှုနဲ့ မတန်ဘူး။ ဒေါ်လေးတို့ မိသားစုက သမီးရဲ့ စရိတ်စကတွေကို ထောက်ပံ့ပေးနိုင်တာပဲလေ"

ကျမ့်ယိလင်လေး ကိုယ့်ဘဝအတွက်ကို အားမထုတ်ဖို့ ထိုစကားလုံးများ ဟဲယန် ရိုက်သွင်းလိုက်ခြင်း ဖြစ်သည်။

ကျမ့်ယိလင်လေးကို သူမ အဘိုးအဘွားများ သို့မဟုတ် မိဘများကို အားကိုးပြီး နေလို့ ရသည်ဟု ဟဲယန် အကြိမ်ပေါင်းများစွာ ပြောခဲ့ပါသည်။ နောက်ပိုင်းကျရင်လည်း သူမ ယောက်ျား သို့မဟုတ် အစ်ကိုများကို မှီခိုပြီး နေလို့ရသည်။

အနာဂတ်တွင် သူမ အဘိုးအဘွားများ သူမ အတွက်ပေးခဲ့မည့် အမွေက သူမ တစ်သက်တာ စားလို့ မကုန်နိုင်ပါ။

ကျမ့်ယိလင်က အဘွားကျမ့်ရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်ပါသည်။ "ဗိုက်ဆာတယ်"

ကျမ့်ယိလင်ရဲ့ စကားကို ကြားတာနဲ့ ဟင်းလျာတွေ တည်ခင်းထားဖို့ အိမ်စေတွေကို အဘွားကျမ့် ခိုင်းလိုက်ပါသည်။ "မြန်မြန် ညစာစားကြစို့။ ယိလင်လေး ဗိုက်ဆာနေပြီ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now