အခန်း(၁၀၈) ဝန်ခံချက် (၂)

717 87 0
                                    


"တံခါးနားကို သွားကြည့်ကြစို့" ကျမ့်ယွင်နော် ခေတ္တ စဉ်းစားပြီးနောက် အကြံပြုလိုက်ပါသည်။

"ဟုတ်ပြီ" မိုရှစ်ယွင်လည်း ပြန်ပြောလိုက်၏။

နှစ်ယောက်သား တံခါးအနားသို့ သွားခဲ့ကြလေသည်။

"နင့်လက်ဆောင်ကို ဘယ်နားမှာ ထားခဲ့တာလဲ" ကျမ့်ယွင်နော် မိုရှစ်ယွင်ကို မေးလိုက်၏။

"ဒီနားလေးမှာပဲ" မိုရှစ်ယွင် ပြောလိုက်သည်။ သူမ တံခါးနားက နေရာကို ထိုးပြကာ ဆက်ပြောသည်။ "အဲ့ဒီနေ့ညက နင်တို့နဲ့ ညစာတူတူစားရမယ်မှန်း ငါမသိဘူးလေ... အဲ့တာကြောင့် တံခါးနားမှာ လက်ဆောင်ကို ထားပေးခဲ့တာ။ တစ်ယောက်ယောက်မြင်ရင် အထဲယူသွားမှာပဲလို့ ယူဆမိလို့"

မိုရှစ်ယွင်သာ အိတ်ကို ဒီမှာထားခဲ့လျှင် တစ်ယောက်ယောက်က မြင်ပြီး ယူလာပါလိမ့်မည်။

ကျမ့်ယွင်နော် တံခါးပတ်လည်ကို လိုက်ကြည့်လိုက်ပါသည်။ တံခါးနဲ့ သိပ်မဝေးတဲ့ ခြုံကြားထဲမှာ စက္ကူအိတ်တစ်လုံးကို သူတွေ့သွားလေသည်။

နှင်းစက်တွေကြောင့် အိတ်က စိုကာ ကြေမွနေလေပြီ။

ဒီနေရာမှာ ဒီအိတ်ကျနေတာ ရက်ပေါင်းများစွာ ကြာပြီဖြစ်မှန်း သိသာပါသည်။ လေရောနေပါ ထိထားသည့်ပုံပင်။

ကျမ့်ယွင်နော် အိိတ်ကို ဖွင့်ကြည့်လိုက်တော့ အနက်ရောင်ဆွယ်တာ တစ်ထည်နဲ့ ပန်ထိုးထားသည့် မာဖလာတစ်ထည်ကို တွေ့လိုက်ရပါသည်။

"ဒါနင်လုပ်ပေးထားတဲ့ လက်ဆောင်လား" ကျမ့်ယွင်နော် မေးလိုက်ပါသည်။

မိုရှစ်ယွင် ရှေ့တိုးလာခဲ့၏။ ဆွယ်တာနဲ့ မာဖလာကို ကြည့်မိသောအခါ သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူမ ခေါင်းငြိမ့်လိုက်ပါသည်။

သူမ နှလုံးခုန်နှုန်း အလွန်မြန်ဆန်နေ၏။ ဒီလို အလိမ်အညာမျိုးကို ပထမဆုံးအကြိမ်အဖြစ် ပြောဖူးခြင်း ဖြစ်ပါသည်။ သူမကို စိတ်မသက်သာဖြစ်စေပြီး အလွန်စိုးရိမ်လာစေသည်။

အဆင်ပြေပါသည်ဟု ကိိုယ့်ကိုယ်ကိုသာ ဆက်တိုက် ပြောနေမိသည်။ ဒီကိစ္စကို သူမ ရှင်းလိုက်တာနဲ့ သူမအမေ အလုပ်ကို ထိခိုက်မှာ မဟုတ်တော့ပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now