အခန်း(၈၈) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၃)

908 109 0
                                    

အခန်း(၈၈) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၃)

ယွီရှိ တွေးလိုက်မိသည်။ ကျမ့်ယိလင်လေး ဘာမှ မလုပ်ရင်တောင် သူမရဲ့အကောင့်အဆင့်‌ကြောင့် ဂိမ်းရဲ့ ပွဲရှာဖွေမှုကို အဆင့်နိမ့်သွားစေလိမ့်မည်။ ထို့ကြောင့် သူတို့နဲ့ ရင်ဆိုင်ရမည့် ရန်သူတွေကလည်း ပိုလွယ်ပါလိမ့်မည်။

ယွီရှိက ဒီဂိမ်းကစားတာ သိပ်မတော်သော်လည်း ကိုယ့်ကိုယ်ကိုတော့ ကယ်နိုင်ပါသေးသည်။

ကျန်တာကို ဆရာရှန်း တာဝန်သာ ထားလိုက်မည်။

လက်ရှိ အသင်းအခြေအနေနဲ့ဆို သူ elo တက်ဖို့ မျှော်လင့်ချက်ရှိသည်ဟု ယွီရှိ ယုံကြည်ထား၏။

ကျမ့်ယိလင်က ယွီရှိကို ဘာမှ ပြန်မပြောခဲ့ပါ။ ထို့အစား နားကြပ်တပ်လိုက်ပြီး ဂိမ်းကစားဖို့ အသင့်ပြင်လိုက်သည်။

ဂိမ်းပွဲတစ်ခု တွေ့သွားပြီးနဲ့ ဂိမ်း တရားဝင် စတင်ခဲ့ပါသည်။

ဂိမ်းစတာနဲ့ ကျမ့်ယိလင်နဲ့ ကျိုက်ယွင်ရှန်းတို့ ရှေ့တန်းကို ပြေးတက်သွားကြသည်။

"ယိလင် ငါ့နောက်လိုက်ခဲ့။ ဆရာရှန်းနောက် မလိုက်နဲ့ဟ! အဲ့မှာ အန္တရာယ်များတယ်!"

ယွီရှိ ကျမ့်ယိလင်လေးကို သတိပေးလိုက်ပါသည်။ သူမကို ပြန်လာဖို့ ခေါ်လိုက်၏။

ဟူး.. ဆရာရှန်း ဘာလို့ ဒီလိုမျိုး ကစားနေရတာလဲ။ သူတို့အဖွဲ့ထဲမှာ ကလေးမလေး တစ်ယောက် ရှိနေတာကို။

ဒါ့ကြောင့်လည်း ဆရာရှန်း ရည်းစားမရတာ ဖြစ်မည်။ သူက သူများကို လုံးဝ တွေးမပေးတတ်ပါ။ တစ်သက်လုံး လူပျိုဘဝနဲ့ အရိုးထုတ်သွားရမည့်လူဖြစ်သည်။

ယွီရှိ ခဏလောက် အတွေးများပြီးနောက် ဖန်သားပြင်ကို ပြန်ကြည့်လိုက်ပါသည်။ သူတို့ အဖွဲ့ရဲ့ Kill Count က တစ်မှတ်တိုးသွားတာကို မြင်လိုက်ရသည်။

သတ်ဖြတ်မှုကို ရယူခဲ့သည့် ကစားသမားက ကျမ့်ယိလင် ဖြစ်နေပါသည်။

ထို့အပြင် ခေါင်းထိမှန်အောင် ပစ်ချက်လည်း ဖြစ်သည်။

ယွီရှိ သူ့ဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။ သေသေချာချာ ကြည့်ပြီးမှ သတ်ဖြတ်မှုကို ရသွားတာ သူ့အဖွဲ့သား J10 ဖြစ်နေမှန်း အတည်ပြုလိုက်နိုင်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now